Sunday, January 27, 2019

တပ်မတော် သတိပေးချက် စစ်ရေးအရ ဆောင်ရွက်ရန် ဦးတည်ခြင်းမဟုတ်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောကြား အပစ်ရပ်လေးလအတွင်း ဆွေးနွေးပွဲများ အမြန်စတင်နိုင်ရန်အပါအဝင် ရည်ရွယ်ချက်သုံးချက်ရှိဟုဆို


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် သတ်မှတ်နယ်မြေများသို့ ဖေဖော်ဝါရီ ၁၂ ရက် နောက်ဆုံးထား၍ ဆုတ်ခွာရန်အပါအဝင် တပ်မတော်၏ သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းသည် စစ်ရေးအရ ဦးတည် ဆောင်ရွက်ရန် မဟုတ်ဘဲ အပစ်ရပ်လေးလအတွင်း ဆွေးနွေးပွဲများ အမြန်ဆုံးစတင်နိုင်ရန် ရည် ရွယ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက ဇန်နဝါရီ ၂၇ ရက်တွင် 7Day Daily သတင်းစာအား ပြောသည်။ 

တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားသည့်ကာ လအတွင်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များက အင်အားနှင့် နယ်မြေတည်ဆောက်ခြင်းများ လုပ်ဆောင်နေကြောင်း တပ် မတော်က ဇန်နဝါရီ ၂၅ ရက်တွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။ 

တိုင်းရင်းသားအဖွဲ့များအ ချင်းချင်း တိုက်ပွဲဖြစ်ပွားမှု၊ လူ သစ်စုဆောင်းမှု၊ ဆက်ကြေး ကောက်ခံမှု၊ နယ်မြေကျော်လွန် လှုပ်ရှားမှု၊ တပ်မတော်အား ချောင်းမြောင်းပစ်ခတ်မှု စသည် တို့နှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြခဲ့ပြီး ဒေသခံပြည်သူလူထု ၏ အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ထိခိုက်စေသည့် လုပ်ရပ်များမလုပ်ရန်၊ နယ်မြေ ကျော်လွန်လှုပ်ရှားလျက် နယ်မြေ လုတိုက်ပွဲများ ဖြစ်နေသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ သည် သတ်မှတ်နယ်မြေအတွင်း သို့ ဖေဖော်ဝါရီ ၁၂ ရက် နောက် ဆုံးထား၍ ဆုတ်ခွာရန် သတိပေး ကြောင်း ဖော်ပြခဲ့သည်။ 

‘‘ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်း ဘာလုပ်မလဲဆိုတာ ကတော့ ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်းမှာတော့ ကျွန်တော်တို့ သတိပေးကြေညာချက်အတိုင်း မလုပ်ဘူးဆိုရင် လုပ်ရမယ့် လုပ် ငန်းစဉ် အဆင့်ဆင့်ရှိပါတယ်။ လုပ်ရမယ့် လုပ်ငန်းစဉ်အဆင့် ဆင့်ဆိုတာ ထပ်ပြီးတော့ ညှိနှိုင်း ဆွေးနွေးဖို့အတွက် ဖိအားပေး တာရော၊ NRPC ဘက်ကလုပ်ရ မယ့် လုပ်ငန်းစဉ်တွေရော၊ ကျွန် တော်တို့ဘက်က လုပ်ရမယ့် လုပ် ငန်းစဉ်တွေကိုရော ဆက်ပြီးတော့ ဆောင်ရွက်သွားပါမယ်။ စစ်ရေး နဲ့ ဆောင်ရွက်မယ်လို့ ပြောတာ တော့ မဟုတ်ပါဘူး’’ဟု ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက ပြောသည်။ 

သို့ရာတွင် သတိထားရမည့် အချက်သည် ပြည်သူလူထုကို ဝန် ထုပ်ဝန်ပိုးဖြစ်စေခြင်း၊ ပြည်သူလူ ထု၏ အသက်အိုးအိမ်စည်းစိမ် အကျိုးစီးပွားထိခိုက်စေခြင်းလုပ် ရပ်များ လုပ်ဆောင်ပါက လိုအပ် ချက်အရ ဆောင်ရွက်ခြင်းမျိုးရှိ မည်ဟု ၎င်းက ဖြည့်စွက်ပြော ကြားသည်။ 

‘‘ဘယ်လိုပဲပြောပြော ကျွန် တော်တို့ ဆုပ်ကိုင်ထားတာက တော့ စေ့စပ်ရေးနဲ့ ငြိမ်းချမ်းရေး လမ်းကို အမြဲတမ်းလမ်းဖွင့်ပေး ထားတယ်။ ဆုပ်ကိုင်ထားလျက် ပါ’’ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။ 

ဇန်နဝါရီ ၂၅ ရက် တပ် မတော်၏ သတိပေးချက်ထုတ်ပြန် မှုသည် ရည်ရွယ်ချက်သုံးမျိုးဖြင့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ပထမ အချက်သည် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC) နှင့်ဖြစ်စေ၊ တပ်မတော်ကဖွဲ့စည်းထားသည့်ညှိနှိုင်း ရေးအဖွဲ့ဖြင့်ဖြစ်စေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားအမြန်ဆုံး ဆွေးနွေးညှိနှိုင်းရေးဖြစ် ကြောင်း ၎င်းကရှင်းပြသည်။ 

‘‘လေးလမှာ တစ်လကျိုး သွားပြီလေ။ တစ်လကျိုးသွား တော့ အဲဒါတွေ လုပ်ငန်းမြန်မြန် ဖြစ်စေချင်လို့။ နံပါတ် (၂) ရည် ရွယ်ချက်က ပြည်သူလူထုကို သိ စေချင်လို့။ ဒီမှာ အစဉ်တစိုက် ပြောလာကြတယ်။ နိုင်ငံရေးအဖွဲ့ အစည်းအချို့ကရော၊ EAO အဖွဲ့ အစည်းတွေကရော တပ်မတော်ကသာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲလို့ရှိရင် ငြိမ်းချမ်းသွား မယ်လို့ ပြောတယ်။ အခု လက် တွေ့ရပ်စဲပေးလိုက်တယ်။ ရပ်စဲပေးလိုက်တဲ့အချိန်မှာ ဘာတွေဖြစ်သလဲဆိုတာ ပြည်သူလူထု သိ စေချင်လို့။ ပြည်သူလူထုသိမှပဲပြည်သူလူထုကလည်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်မှာ နှောင့်နှေးနေ တဲ့ အကြောင်းရင်းတွေ တကယ် အမှန်သိလာမှာပဲ သူက ပါဝင်စူး စမ်းလာနိုင်မယ်’’ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ 

နံပါတ် (၃) ရည်ရွယ်ချက် သည် တိုင်းရင်းသားအဖွဲ့အချင်း ချင်း နယ်မြေကျော်လွန်ခြင်း၊ နယ်မြေလုခြင်းဖြစ်နေ၍ ပြည်သူလူထု များစွာ နစ်နာနေခြင်းကိုသတိပေး ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။ 

တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ များ ဆွေးနွေးရန်ဟုဆိုကာ တပ် မတော်အနေဖြင့် တိုင်းစစ်ဌာန ချုပ် ငါးခုနယ်မြေတွင် ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှ ယခုနှစ် ဧပြီ လကုန်အထိ လေးလကျော်ကြာ စစ်ရေးလှုပ်ရှားမှုအားလုံး ရပ် ဆိုင်းမည်ဟု ကြေညာခဲ့သည်။ 

ထိုသို့ ထုတ်ပြန်ပြီးနောက် ပိုင်း အစိုးရငြိမ်းချမ်းရေးကော် မရှင်အနေဖြင့် NCA လက်မှတ် ထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးထားသည်။ 

NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ရှိရာ ကချင်လက်နက်ကိုင် အဖွဲ့ (KIO)နှင့် ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP) တို့နှင့် တစ်ကြိမ်စီ တွေ့ဆုံဆွေး နွေးခဲ့သည်။ တပ်မတော်က ဖွဲ့ စည်းထားသည့် ဆွေးနွေးညှိနှိုင်း ရေးအဖွဲ့နှင့် တိုင်းရင်းသားအဖွဲ့ များအကြား ဆွေးနွေးပွဲများမှာမူ ဖြစ်ပေါ်လာခြင်းမရှိသေးပေ။

7Day


0 comments:

Post a Comment