Wednesday, January 2, 2019

နိုင်ငံရေးဆိုတာ စီးပွားရေးဖြစ်ပြီး စီးပွားရေးကောင်းပါက တိုင်းပြည်ကိုငြိမ်အောင် ထိန်းထားနိုင်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဆို


နိုင်ငံရေးဆိုတာ စီးပွားရေးဖြစ်ပြီး စီးပွားရေးကောင်းပါက တိုင်းပြည်ကိုငြိမ်အောင် ထိန်းထားနိုင်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်သည်။ 
“စီးပွားရေးနဲ့ပတ်သက်လို့ဗျာ။ အစိုးရကာလ ရက်တစ်ရာလောက်ဖြစ်လာတဲ့အချိန်မှာ သူသွားနေတဲ့ လမ်းကြောင်းကိုကြည့်ပြီး ဒီလမ်းကြောင်းတော့ မဖြစ်သင့်ဘူး။ နိုင်ငံရေးဆိုတာ စီးပွားရေးပဲ။ စီးပွားရေးကိုငြိမ်အောင်လုပ်နိုင်ရင် နိုင်ငံတော်ရဲ့ ငြိမ်ဝပ်ပိပြားတယ်ဆိုတဲ့စကားလုံး သုံးရင် လူတွေသိပ်မကြိုက်ဘူး။ သို့သော်လည်းပဲ တိုင်းပြည်ကိုငြိမ်အောင် ထိန်းထားနိုင်ရင် စီးပွားရေးကောင်းအောင် လုပ်လို့ရတယ်။ ဒါပေမယ့် ဒီအစိုးရ စတက်တာနဲ့ စကိုင်တာက ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးဆိုတာက မသေချာဘူး’’ ဟု ဦးသန်းဌေး က ပြောသည်။ 

NLD အစိုးရလက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေးအား အဓိက ထား လုပ်ဆောင်ခဲ့ပြီး ၂၁ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအား စတင်ကျင်းပခဲ့သည်။ 

လက်ရှိအစိုးရသက်တမ်း၂ နှစ်ကျော် ကာလအတွင်း မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်ပါတီတို့အား အပစ်ရပ် NCA သဘောတူစာချုပ်အား လတ်မှတ်ရေးထိုးစေနိုင်ခဲ့သည်။ 

“ကမ္ဘာမှာ ငြိမ်းချမ်းရေးလုပ်သွားတာက တစ်ဖွဲ့နှစ်ဖွဲ့နဲ့ လုပ်သွားတာဗျ။ မြန်မာနိုင်ငံမှာက အဖွဲ့ပေါင်းများစွာနဲ့ လုပ်ရတာ။ အခြေခံချင်းမတူဘူး။ သမိုင်းကြောင်းချင်း မတူဘူး။ သူတို့ရဲ့ရှေးရှုနေတဲ့ ရပ်တည်ချက်တွေ မတူကြဘူး’’ ဟု ဦးသန်းဌေး က ထပ်မံဆိုသည်။ 

မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment