Sunday, January 27, 2019

ဖြူးမြို့အနီး ဗဟိုပြု၍ ငလျင်လှုပ်


 
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့အနီးကို ဗဟိုပြု၍ ယနေ့ (ဇန်နဝါရီ ၂၈ ရက်) နံနက် ၁၀ နာရီ ၂၂ မိနစ်ခန့်က အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ 

အဆိုပါမြေငလျင်သည် ‌ဖြူးမြို့၏ အနောက်တောင်ဘက် မိုင် ၄၀ ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အင်အားရစ် (ခ်) တာစကေး ၄ ဒသမ ၅ အဆင့်ရှိကြောင်း မြေငလျင်ဌာနခွဲထံမှ သိရသည်။ 

ယခုရက်ပိုင်း၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အင်အားအနည်းရှိသော မြေငလျင်များဆက်တိုက်လှုပ်ခတ်လျက်ရှိသည်။ 

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့အနီး (ပဲခူးရိုးမအတွင်း) ဗဟိုပြု၍ အင်အားရစ်ခ်စတာစကေး ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သည်။ 

#The_Voice_Daily 

0 comments:

Post a Comment