Wednesday, January 2, 2019

မောင်တောမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ဝဝဝ သိမ်းဆည်းရမိ


မောင်တောမြို့နယ် ကြိမ်ချောင်း-တောင်ပြိုသွားကားလမ်း ကြိမ်ချောင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် မောင်တော မှ တောင်ပြိုသို့ ယာဉ်မောင်း လှသန်း (၄)မိုင်သာယာကုန်းရွာ မောင်တောမြို့ နေသူ မောင်းနှင်လာသည့် 7I/---- NOAXယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်ပါသည့် ခရီးသည် မဝိုင်းချေ(ခ)ခင်စန္ဒာသန်း တောင်ပြိုဝဲကျေးရွာနေသူ၏ ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ဝဝဝ ကို ဖမ်းဆီးရမိခဲ့သဖြင့် စစ်မေးရာ မူးယစ်ဆေးဝါးများကို ¤င်း၏ခင်ပွန်း မင်းမင်းက ပြဿဒ် ကျေးရွာမှ တင်ဆောင်ပေးခဲ့၍ သယ်ဆောင်လာခြင်းဖြစ် ကြောင်း၊ မင်းမင်းမှာ ဆိုင်ကယ်ဖြင့် ယာဉ်နောက်မှ လိုက်ပါလာခဲ့ ကြောင်း သိရသဖြင့် ဖမ်းဆီးရမိခဲ့ပြီး ¤င်းတို့ကို ကြိမ်ချောင်း နယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေး၍ ကွင်းဆက်ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။ 
  
ရဲပြန်ကြား
Myanmaalinn 

0 comments:

Post a Comment