Saturday, January 5, 2019

ရမည်းသင်းတွင် ခရီးသည်တင်ကားမှောက်၍ လူ ၂၀ ကျော် ဒဏ်ရာရ


ရမည်းသင်းမြို့နယ်အတွင်း ပြတိုက်ရွာနှင့် အောက်ထောင့်ရွာကြားရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ဇန်နဝါရီလ ၅ ရက် ညပိုင်းက နေပြည်တော်မှ မန္တလေးဘက်သို့သွားသော ခရီးသည်တင် ဇာနည်ဘွားကားမှောက်၍ လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ လူမှုကူညီရေး အသင်းအဖွဲ့များထံမှသိရှိရသည်။ 
“ည ၉ နာရီ ၄၅ လောက်မှာဖြစ်တာ။ ကျွန်တော့်ဆီကို သတင်းရောက်လို့ လိုက်သွားတာ။ လမ်းက အဖြောင့်ကို လေးလမ်းမောင်းဆိုတော့ အကျယ်ကြီးပါ။ ကားသမားအိပ်ငိုက်ပြီးတော့ လမ်းဘေးကျတာ။ သူကျတဲ့နေရာက ရှေ့မှာတံတားနဲ့ချောင်းရှိတော့ အဲဒီချောင်းထဲ ပြုတ်ကျတာ။ ဓာတ်တိုင်လည်း ဝင်ဆောင့်ထားတယ်။ ဓာတ်တိုင်လည်း ပြုတ်ထွက်သွားတယ်။ ကားပေါ်မှာ ( ၂၈) ဦးပါလာတယ်။ အကုန်လုံး ဖုတာ ယောင်တာ ကျိုးတာမျိုးလောက်ပဲရှိတယ်။ သေတာမျိုးတော့ မရှိပါဘူး။ ကားသမားလည်း ပွန်းပဲ့ဒဏ်ရာနဲ့ ကျိုးတာလောက်ပဲ ရှိပါတယ်”ဟု အဆိုပါ နေရာသို့ သွားရောက်ကူညီသော မိတ္ထီလာမြို့ခံ မျိုးဆက်သစ် မြတ်ပါရမီ သွေးလှူရှင် ပရဟိတအသင်း ဥက္ကဌ ဦးကျော်ကိုကိုက ပြောကြားသည်။ 

အဆိုပါ ယာဉ်တိုက်မှုမှ ထိခိုက်မိသော ခရီးသည်များမှာ လက်ရှိအချိန်တွင် ရမည်းသင်းမြို့ ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသည်။ 




ဓာတ်ပုံ - ဦးကျော်ကိုကို
The Voice

0 comments:

Post a Comment