မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် (တံတားဦး) မှ ပျံသန်းမည့် မန္တလေး-ဟုမ္မလင်း ခရီးစဉ်တွင် ခရီးသည်တစ်ဦးက လေယာဉ်အရေးပေါ်ထွက်ပေါက်ကို မှားဖွင့်မိသဖြင့် လေယာဉ်ထွက်ခွာချိန် တစ်နာရီခန့် နောက်ကျခဲ့ရကြောင်း Myanmar National Airline ထံမှ သိရသည်။
“ထိုင်တုန်း ဆွဲလိုက်တာပါ။ လက်ကိုင်ဆွဲပါဆိုလို့ ဆွဲလိုက်တာ။ တံခါးကြီးကို ဆွဲဖွင့်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒါကြီး ဆွဲတိုင်းလည်းပွင့်သွားတာမျိုးတော့ မဟုတ်ဘူး။ သူ့မှာအဆင့်ဆင့် ရှိတာပေါ့။ ပြန်လည်ပြင်ဆင်တဲ့အတွက် နောက်ကျသွားတယ်”ဟု Myanmar National Airline မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ဇန်နဝါရီလ ၁ ရက်က မန္တလေးမှ ဟုမ္မလင်းသို့ထွက်ခွာမည့် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ လေယာဉ်အမှတ် XYAMJ, ATR 72- 600 တွင် လိုက်ပါ မည့်ခရီးသည်တစ်ဦးက အရေးပေါ်ထွက်ပေါက် မှားယွင်းဖွင့်မိခဲ့ကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း Myanmar National Airline ထံမှ သိရသည်။
The Voice






0 comments:
Post a Comment