ဝါရှင်တန်အခြေစိုက် Foreign Policy magazine မဂ္ဂဇင်းက ပြုစုသော ၂၀၀၉ ခုနှစ်မှ စတင်သည့် ဆယ်စုနှစ် နိုင်ငံတကာထိပ်တန်း ဦးဆောင်တွေးခေါ်သူ ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် လက်ရှိဘင်္ဂလားဒက်ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာအား အမည်စာရင်းဖော်ပြခြင်းခံရသည်ဟု ဘင်္ဂလားအခြေစိုက် Bdnews24 က ယနေ့ ဖော်ပြသည်။
ရှိတ်ဟာစီနာသည် ကာကွယ်ရေးနှင့် လုံခြုံရေးအမျိုးအစားတွင် ရွေးချယ်ခံရခြင်းဖြစ်ပြီး ပြည်တွင်းယှဉ်ပြိုင်ဘက်တို့ကို မည်သည့်အခါမျှ အမှုမထားဘဲ ဘင်္ဂလား ဒက်ရှ်နိုင်ငံတော်ရင်ဆိုင်နေရသည့် အကြီးမားဆုံး လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုကို စေတနာရက်ရောစွာ တုံ့ပြန်နိုင်ခဲ့၍ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ပြေးလာရသည့် ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ ခန့်ကို ကြိုဆို၍ သူ၏ နိုင်ငံအတွင်း လက်ခံထားပေးသူဖြစ်ကြောင်း အမည်စာရင်းထည့်သွင်းရခြင်းအတွက် မှတ်ချက်အဖြစ်ဖော်ပြထားသည်။
Foreign Policy က အမည်စာရင်းထည့်သွင်းသည့် ရက်စွဲကို ဖော်ပြခြင်းမရှိသော်လည်း ဘင်္ဂါလီမွတ်စလင်များ နေရပ်ပြန်ရေး စတင်ချိန်တွင် ဘင်္ဂလားဒက်ရှ်အထွေထွေရွေးကောက်ပွဲနှင့် တိုက်ဆိုင်နေသည့် ဒီဇင်ဘာ ၃၀ ရက်နေ့ မတိုင်မီဖြစ်ဖွယ်ရှိသည်။
ရှိတ်ဟာစီနာသည် ဒီဇင်ဘာ ၆ ရက်နေ့ Forbes တွင်ဖော်ပြသည့် ၂၁၀၈ ခုနှစ် အင်အားကြီး အမျိုးသမီးများ စာရင်းတွင် ဖော်ပြသည်ထက် ၄ ဆင့် တိုးကာ အဆင့် ၂၆ တွင် ရပ်တည်လျှက်ရှိသည်ကို အင်္ဂါနေ့ Foreign Policy ၀ဘ်ဆိုဒ်၏ Twitter စာမျက်နှာတွင် ဖော်ပြထားသည်။ ရှိတ်ဟာစီနာသည် ယခင်နှစ်တွင် အဆင့် ၃၀၊ ၂၀၁၆ ခုနှစ်တွင် အဆင့် ၃၆ နှင့်၊ ၂၀၁၅ ခုနှစ်တွင် အဆင့် ၅၉ အသီးသီးရရှိခဲ့သည်။
ထို့ပြင် ၂၀၁၅ ခုနှစ်တွင် Foreign Policy မဂ္ဂဇင်း၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာနှင့်ပတ်သက်၍ “ ဆုံး ဖြတ်ချက် “ ချမှတ်ရာတွင် ထူးချွန်သော ကမ္ဘာ့ထိပ်တန်း တွေးခေါ်သူ ပုဂ္ဂိုလ် ၁၃ ဦး အမည်စာရင်းတွင် လည်း ပါဝင်ခဲ့သည်။
Htay Oung (အကုန်သိ သတင်းဌာန)








0 comments:
Post a Comment