Wednesday, January 2, 2019

ခြေထောက်ကျိုးသွားသည်ကို ငွေ ၃သိန်းပေးခြင်းသည် မရှက်၍ လုပ်ခြင်းဖြစ်ကြောင်း အကယ်ဒမီလူမင်းကို လူကြမ်းသရုပ် ဆောင် ကိုဆွိဝေဖန်


ကျန်စစ်မင်းဇာတ်ကားရိုက်ကူးစဉ်က အကယ်ဒမီ လူမင်း၏နေရာတွင် အစားထိုးဝင်ရောက်ရိုက်ကူးပေးရာမှ ခြေထောက်ကျိုးသွားခဲ့သည့်အပေါ် အကယ်ဒမီလူမင်းမှ ငွေကျပ် ၃ သိန်း ပေးခဲ့သည့်အပြုအမှုသည် အရှက်မရှိ၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း လူကြမ်း သရုပ်ဆောင် ကိုဆွိက ပြောသည်။ 
ဇန်န၀ါရီလ ၁ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ဒါရိုက်တာ ဏကြီးနှင့် သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုတို့၏ မင်္ဂလာဦး အလှူ အဖြစ် ကိုလူကြမ်းအဖွဲ့အား ဆန်နှင့် ဆီများ လှူဒါန်းပွဲတွင် ၎င်း၏ အနုပညာ လှုပ်ရှားမှုများနှင့် ပတ်သက်၍ မေးမြန်းစဉ် ကိုဆွိက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“အရင်ဘ၀က ၀ဋ်ကြွေးကြောင့် ခြေထောက်က ကျိုးတယ်။ လူမင်း အတွက်လုပ်တယ်။ ကျွန်တော် ပိုက်ဆံ (၁၀) သိန်းကုန် သွားတယ်။ တစ်နှစ်နားလိုက်ရတယ်။ လူမင်းက အကယ်ဒမီ ရသွားတယ်။ ကျွန်တော် သူနဲ့တွေ့ချင်သေးတယ်။ သူက ကျွန်တော့် ကို ပိုက်ဆံ (၃) သိန်းပေးတယ်။ ပိုက်ဆံ (၁၀)သိန်းကုန်တာ ပိုက်ဆံ (၃)သိန်းပေးတော့ ကျွန်တော်က မယူဘူးလေ။ သူ မရှက်လို့ ပေးတာ။ ကျွန်တော်ကလည်း မဟုတ်မခံ။ အရင်တုန်းက ကျွန်တော် သူကိုသင်ပေးခဲ့တယ်။ ကျွန်တော် သူ့အစားတွေ လုပ်ခဲ့ တယ်။ ကျန်စစ်မင်းကို ကျွန်တော်လုပ်ပေးခဲ့တာ ဂျွမ်းတွေကို ပြန်လို့ ။အကယ်ဒမီကျတော့ သူရသွားတယ်။ အဲဒီတုန်းက ခုန်ချ တာ ငါးသောင်းပဲရတယ်။ ကျွန်တော်ဆိုရင် အမေ၊ အဖေ ချမ်းသာလို့၊ မချမ်းသာရင် ဘယ်လိုလုပ်မလဲ။ သူတို့ပိုက်ဆံတွေ အများ ကြီး ချမ်းသာတယ်။ ဒါပေမဲ့ မပေးဘူး။ ပိုက်ဆံ (၁၀)သိန်းနဲ့ မထူးပါဘူး။ အရင်ဘ၀က ကိုယ်မကောင်းလို့ဘဲ မှတ်လိုက်တယ်” လို့ သူက ပြောလာပါတယ်။ 

လူကြမ်းသရုပ်ဆောင် ကိုဆွိသည် ဖိုက်တင် ဇာတ်လမ်း အများအပြားတွင် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး လက်ရှိ နာမည်ရနေ သည့် သရုပ်ဆောင်များကိုလည်း ဖိုက်တင်ပိုင်းနှင့် ပတ်သက်၍ သင်ကြားပြသပေးခဲ့ဖူးကြောင်း ၎င်းက ပြောသည်။ 

ကျန်စစ်မင်း ရုပ်ရှင်ဇာတ်ကားကြီးသည် ၂၀၀၅ ခုနှစ်တွင် ရုံတင်ပြသခဲ့ပြီး သရုပ်ဆောင် လူမင်းအကယ်ဒမီရရှိခဲ့သည့် ရာဇ၀င် ဇာတ်ကားတစ်ကားဖြစ်သည်။ 

မျိုးကေခိုင်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment