ကမ္ဘာကနေမမြင်ရတဲ့လကမ္ဘာတစ်ဖက်ခြမ်းကို စက်ရုပ်အာကာသယာဉ်စေလွှတ်ဖို့ တရုတ်နိုင်ငံက ပထမဆုံးကြိုးစားနေပါတယ်။
လာမယ့်ရက်ပိုင်းအတွင်း ဂြိုဟ်ဆင်းယာဉ်နဲ့လပေါ်သွားယာဉ်တွေက လမျက်နှာပြင်ပေါ် လာမယ့်ရက်ပိုင်းအတွင်းဆင်းသက်တော့မယ်လို့ တရုတ်အစိုးရပိုင်ချိုင်းနားဒေးလီးသတင်းစာမှာဖော်ပြပါတယ်။
ဆင်းသက်တဲ့ဒေသရဲ့ဘူမိဗေဒလက္ခာရပ်တွေနဲ့ ဇီဝဗေဒဆိုင်ရာစမ်းသပ်မှုတွေလုပ်ဖို့ ကိရိယာတွေကို အဲဒီယာဉ်တွေက သယ်သွားမှာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ချန်အီ(၄)က ဂြိုဟ်ပတ်လမ်းကြောင်းကိုနိမ့်ဆင်းပြီး လမျက်နှာပြင်ပေါ်ဆင်းသက်ဖို့ ပြင်ဆင်နေပါတယ်။
ဆင်းသက်ဖို့စုံစမ်းနေတာတွေက လမျက်နှာပြင်နဲ့အနီးဆုံး(၉)မိုင်လောက်အထိရောက်ခဲ့တယ်လို့ တရုတ်အစိုးရမီဒီယာတွေမှာဖော်ပြခဲ့တာပါ။
ဆင်းသက်မယ့်ဗွန်ကာမန်ချိုင့်ကြီးထဲ ချန်အီပေါ်ကယာဉ်တွေဘယ်အချိန်ရောက်မယ်ဆိုတာ အာဏာပိုင်တွေက တိတိကျကျမပြောပေမဲ့ ဇန်နဝါရီ(၂)ရက်(၃)ရက်တို့မှ စပြီးဆင်းနိုင်တယ်လို့ ချိုင်းနားဒေးလီးမှာဖော်ပြပါတယ်။
ပြီးခဲ့တဲ့(၂၀၁၃)ခုနှစ်မှာ လကမ္ဘာပေါ်ဆင်းသက်ခဲ့တဲ့ချန်အီ(၃)ထက် ချန်အီ(၄)က ပိုရှုပ်ပြီး ကျွမ်းကျင်မှုပိုလိုတဲ့အကြောင်းရင်းက လရဲ့တစ်ဖက်ခြမ်း(အမှောင်ခြမ်း)ကို ဆင်းသက်ဖို့ရည်ရွယ်ထားတာကြောင့်ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီခရီးစဉ်ကြောင့်ပဲ တရုတ်နိုင်ငံအနေနဲ့ လပေါ်ကကျောက်တွေနဲ့ဖုန်မှုန့်တွေကို ကမ္ဘာပေါ်ပြန်သယ်လာနိုင်ချေရှိနေပါတယ်။
ဂြိုဟ်ဆင်းယာဉ်နဲ့လပေါ်သွားယာဉ်တွေကို ဒီဇင်ဘာ(၇)ရက်မှာ ရှီချန်းဂြိုဟ်တုလွှတင်ရေးစခန်းက လွှတ်တင်ခဲ့ပြီး လပတ်လမ်းကြောင်းပေါ်ကို ဒီဇင်ဘာ(၁၂)ရက်မှာရောက်ရှိခဲ့ပါတယ်။
အခုအစီအစဉ်ဟာ တရုတ်ရဲ့လပေါ်လေ့လာရေးအတွကိ ပိုကြီးမားတဲ့အစီအစဉ်ရဲ့တစိတ်တပိုင်းဖြစ်ပါတယ်။
ချန်အီ(၁)နဲ့(၂)တို့က လပတ်လမ်းကြောင်းအချက်အလက်တွေရယူဖို့ဖြစ်ပြီး ချန်အီ(၃)နဲ့(၄)တို့ကတော့ လမျက်နှာပြင်ပေါ်ဆင်းပြီး လေ့လာရေးလုပ်ဖို့ဖြစ်ပါတယ်။
လာမယ့်ချန်အီ(၅)နဲ့(၆)တို့ကတော့ လပေါ်ကကျောက်တွေနဲ့မြေဆီလွှာတွေကို ကမ္ဘာပေါ်ကဓာတ်ခွဲခန်းတွေဆီပြန်ပို့ပေးဖို့ဖြစ်ပါတယ်။
Source-BBC
#ဥက္ကာ
#TheFifthWaveNews

No comments:
Post a Comment