Wednesday, January 2, 2019

လကမ္ဘာတစ်​ဖက်​ခြမ်းကို စက်​ရုပ်​​လွှတ်​ပြီး​လေ့လာဖို့ တရုတ်​ပြင်​ဆင်​​နေ


ကမ္ဘာက​နေမမြင်​ရတဲ့လကမ္ဘာတစ်​ဖက်​ခြမ်းကို စက်​ရုပ်​​အာကာသယာဉ်​​စေလွှတ်​ဖို့ တရုတ်​နိုင်​ငံက ပထမဆုံးကြိုးစား​နေပါတယ်​။ 
လာမယ့်​ရက်​ပိုင်းအတွင်း ဂြိုဟ်​ဆင်းယာဉ်​နဲ့လ​ပေါ်သွားယာဉ်​​တွေက လမျက်​နှာပြင်​​ပေါ် လာမယ့်​ရက်​ပိုင်းအတွင်းဆင်းသက်​​တော့မယ်​လို့ တရုတ်​အစိုးရပိုင်ချိုင်းနား​ဒေးလီးသတင်းစာမှာ​ဖော်​ပြပါတယ်​။ 

ဆင်းသက်​တဲ့​ဒေသရဲ့ဘူမိေ​ဗဒလက္ခာရပ်​​တွေနဲ့ ဇီဝေ​ဗဒဆိုင်​ရာစမ်းသပ်​မှု​တွေလုပ်​ဖို့ ကိရိယာ​တွေကို အဲဒီယာဉ်​​တွေက သယ်​သွားမှာပါ။ 
ပြီးခဲ့တဲ့ရက်​ပိုင်းအတွင်းမှာ ချန်​အီ(၄)က ဂြိုဟ်​ပတ်​လမ်း​ကြောင်းကိုနိမ့်​ဆင်းပြီး လမျက်​နှာပြင်​​ပေါ်ဆင်းသက်​ဖို့ ပြင်​ဆင်​​နေပါတယ်​။ 
ဆင်းသက်​ဖို့စုံစမ်း​နေတာ​တွေက လမျက်နှာပြင်​နဲ့အနီးဆုံး(၉)မိုင်​​လောက်​အထိ​ရောက်​ခဲ့တယ်​လို့ တရုတ်​အစိုးရမီဒီယာ​တွေမှာ​ဖော်​ပြခဲ့တာပါ။ 
ဆင်းသက်​မယ့်​​ဗွန်​ကာမန်​ချိုင့်​ကြီးထဲ ချန်​အီ​ပေါ်ကယာဉ်​​တွေဘယ်​အချိန်​​ရောက်​မယ်​ဆိုတာ အာဏာပိုင်​​တွေက တိတိကျကျမ​ပြော​ပေမဲ့ ဇန်​နဝါရီ(၂)ရက်​(၃)ရက်​တို့မှ စပြီးဆင်းနိုင်​တယ်​လို့ ချိုင်းနား​ဒေးလီးမှာ​ဖော်​ပြပါတယ်​။ 
ပြီးခဲ့တဲ့(၂၀၁၃)ခုနှစ်​မှာ လကမ္ဘာ​ပေါ်ဆင်းသက်​ခဲ့တဲ့ချန်​အီ(၃)ထက်​ ချန်​အီ(၄)က ပိုရှုပ်​ပြီး ကျွမ်းကျင်​မှုပိုလိုတဲ့အ​ကြောင်းရင်းက လရဲ့တစ်​ဖက်​ခြမ်း(အ​မှောင်​ခြမ်း)ကို ဆင်းသက်​ဖို့ရည်​ရွယ်​ထားတာ​ကြောင့်​ဖြစ်​ပါတယ်​။ 
ဒါ​ပေမဲ့ ဒီခရီးစဉ်​​ကြောင့်​ပဲ တရုတ်​နိုင်​ငံအ​နေနဲ့ လ​ပေါ်က​ကျောက်​​တွေနဲ့ဖုန်​မှုန့်​​တွေကို ကမ္ဘာ​ပေါ်ပြန်​သယ်​လာနိုင်​​ချေရှိ​နေပါတယ်​။ 
ဂြိုဟ်​ဆင်းယာဉ်​နဲ့လ​ပေါ်သွားယာဉ်​​တွေကို ဒီဇင်​ဘာ(၇)ရက်​မှာ ရှီချန်းဂြိုဟ်​တုလွှတင်​​ရေးစခန်းက လွှတ်​တင်​ခဲ့ပြီး လပတ်​လမ်း​ကြောင်း​ပေါ်ကို ဒီဇင်​ဘာ(၁၂)ရက်​မှာ​ရောက်​ရှိခဲ့ပါတယ်​။ 
အခုအစီအစဉ်​ဟာ တရုတ်​ရဲ့လ​​ပေါ်​လေ့လာ​ရေးအတွကိ ပိုကြီးမားတဲ့အစီအစဉ်​​ရဲ့တစိတ်​တပိုင်းဖြစ်​ပါတယ်​။ 
ချန်​အီ(၁)နဲ့(၂)တို့က လပတ်​လမ်း​ကြောင်းအချက်​အလက်​​တွေရယူဖို့ဖြစ်​ပြီး ချန်​အီ(၃)နဲ့(၄)တို့က​တော့ လမျက်​နှာပြင်​​ပေါ်ဆင်းပြီး ​လေ့လာ​ရေးလုပ်​ဖို့ဖြစ်​ပါတယ်​။ 
လာမယ့်​ချန်​အီ(၅)နဲ့(၆)တို့က​တော့ လ​ပေါ်က​ကျောက်​​တွေနဲ့​မြေဆီလွှာ​တွေကို ကမ္ဘာ​ပေါ်ကဓာတ်​ခွဲခန်း​တွေဆီပြန်​ပို့​ပေးဖို့ဖြစ်​ပါတယ်​။ 

Source-BBC 
#ဥက္ကာ 
#TheFifthWaveNews


0 comments:

Post a Comment