မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်း နေထိုင်သည့် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦးကို သားမယား ပြုကျင့်ခဲ့သည့် ရဲဒုတပ်ကြပ်ကို ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းက ဒိုက်ဦးမြို့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဖမ်းဆီးရမိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် ၇ နယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ်က အသက်မပြည့်သေးသူ အမျိုးသမီးငယ်တစ်ဦးကို တည်းခိုခန်းခေါ်ကာ သားမယားပြုကျင့်ခဲ့မှု ဇန်နဝါရီလ ၂၂ ရက်က ဖြစ်ပွားခဲ့သည့်အတွက် အမျိုးသမီး၏ ဖခင်ဖြစ်သူက အမှုဖွင့်တိုင်တန်းထားကြောင်း အဆိုပါရုံးက သိရသည်။
ရဲဒုတပ်ကြပ် တေဇာအောင်သည် မဟာအောင်မြေမြို့နယ် မင်းဇံရပ်အတွင်းနေထိုင်သည့် အသက် ၁၅ နှစ်ကျော်အမျိုး သမီးငယ်ကို တည်းခိုခန်းသို့ခေါ်ဆောင်သွားခဲ့ပြီး သားမယားပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသမီးငယ်၏ဖခင်က ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲဒုတပ်ကြပ် တေဇာအောင်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၆၃ တို့ဖြင့် အမှုဖွင့်ထားသည်။
The Voice
No comments:
Post a Comment