၂၀၁၉ ခုနှစ်မှာ အာဖဂန်နိုင်ငံအတွင်း ငြိမ်းချမ်းရေးရမယ့် အလားအလာတွေ ရှိတယ်လို့ ရှုမြင်ကြောင်း နေတိုးတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၁ ရက်နေ့က ပြောပါတယ်။
တာလီဘန်တွေနဲ့ အာဖဂန်အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးနေပြီလို့ အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီး စကော့တ် မီလာက သူ့တပ်ဖွဲ့ဝင်တွေကို ပြောလိုက်တာပါ။
အာဖဂန်မှာ အခြေစိုက်ထားတဲ့ အမေရိကန်တပ်တွေကို ပြန်ဆုတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပင်တဂွန် စစ်ဌာနချုပ်ကို အမိန့်မပေးသေးဘူးလို့ အိမ်ဖြူတော် ပြောခွင့်ရက အရင်အပတ်မှာ ပြောခဲ့ပါတယ်။
ဒါပေမယ့် အမေရိကန် အစိုးရက လတ်တလော အာဖဂန်မှာ တပ်ချထားတဲ့ အမေရိကန် စစ်တပ်အင်အား တသောင်းလေးထောင်ရဲ့ တဝက်နီးပါးကို ပြန်ဆုတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ အစီရင်ခံစာတွေကိုတော့ မငြင်းခဲ့ပါဘူး။
အာဖဂန်ဆိုင်ရာ အမေရိကန် အထူးသံတမန် ဇယ်မေ ခါလီဇဒ်ဟာ တာလီဘန် ကိုယ်စားလှယ်တွေနဲ့ အရင်လက တွေ့ဆုံခဲ့ပြီး အနာဂတ်မှာ တပ်တွေ ပြန်ဆုတ်မယ့်အရေးတွေကို ဆွေးနွေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
DVB







0 comments:
Post a Comment