ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဆောင်ရွက် နိုင်ရန် အမျိုးသား အစီအစဉ်တစ်ရပ်အနေဖြင့် ဖွဲ့စည်းခဲ့သည့် လွတ်လပ်သောစုံစမ်း စစ်ဆေး ရေးကော်မရှင်(Independent Commission of Enquiry)ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ကုလသမဂ္ဂ CEDAW(Convention on the Elimination of All Forms of Discrimination against Women) ကော်မတီ၏ ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိအဖွဲ့ဝင်ဖြစ်သူ သံအမတ်ကြီး ရိုဆာရီယို မယ်နာလိုသည် ယမန်နေ့(ဇန်န၀ါရီ ၂၇)ညနေ ၄ နာရီ မိနစ် ၄၀ က မြန်မာ နိုင်ငံသို့ လေကြောင်းခရီးဖြင့်ရောက်ရှိခဲ့သည်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌအားနိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ သံတမန်ရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇော်ထွန်းဦးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
အလားတူ ကော်မရှင် အဖွဲ့ဝင်ဖြစ်သူ လူသားချင်းစာနာ ထောက်ထားမှု ကိစ္စရပ် များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူး ချုပ်နှင့် အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေး မှူးဟောင်း ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စား လှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမားသည် ယနေ့(ဇန်န၀ါရီ ၂၈ ရက်)ညနေ ၄ နာရီခွဲတွင် လေကြောင်း ခရီးဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။
Source - သတင်းစဉ်
Popular News Journal







0 comments:
Post a Comment