Monday, March 25, 2019

တနင်္သာရီတိုင်းအတွင်း ကုမ္ပဏီများက လုပ်ကိုင်ဆောင် ရွက်နိုင်ခြင်းမရှိသည့် မြေယာများ ကို ပြည်သူများထံ ဥပဒေ နှင့်အညီ ပြန်လည်လွှဲပြောင်း မည်


တနင်္သာရီတိုင်းအတွင်း ကုမ္မဏီများက လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိသည့် မြေယာများကိုပြည်သူများထံ ဥပဒေနှင့်အညီ ပြန်လည်လွဲပြောင်းပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က မတ်လ ၂၅ ရက်တွင်ပြောသည်။ 
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအ ဝေးတွင် ဝန်ကြီးချုပ်အဖြစ် ကျမ်း သစ္စာကျိန်ဆိုပြီးနောက် လွှတ် တော်၌ မိန့်ခွန်းပြောကြားရာတွင် ယင်းသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ 

“တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုမ္မဏီများက လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိသည့် မြေယာများကို ဒေသခံတောင်သူများအား ဥပဒေနှင့်အညီ ပြန်လည်ပေးအပ်လုပ်ကိုင်စေမည်။ဒေသတွင်း ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် တိုင်းအတွင်းရှိ ရေ ထွက်ကုန်ပစ္စည်းများကို ပြည်ပ နိုင်ငံများသို့ လုပ်ထုံး၊ လုပ်နည်း များနှင့်အညီ တင်ပို့ရောင်းချနိုင် ရေး ၊တိုင်းဒေသကြီးအတွင်း သယံဇာတများထုတ်ယူရာမှာ ပတ်ဝန်းကျင်ထိခိုက်မှုနည်းသည့်စနစ် များဖြင့် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုစေခြင်း ပြည်သူများ အများလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး အပြည့်အဝရရှိစေရန် ဆောင်ရွက်မည်”ဖြစ်ကြောင်း ၀န်ကြီးချုပ် ဦးမြင့်မောင်ကပြောသည်။ 

ထို့အတူ သတ်မှတ်ချိန်အတွင်း မဟာဓာတ်အားလိုင်း ရောက်ရှိစေရန် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်မည့် အပြင် လျှပ်စစ်မီတာခနှုန်းထား များ တည်ငြိမ်စေရေး ပြည်သူ များနှင့်အတူ ကြိုးပမ်းလုပ်ဆောင် မည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့ကို အဂတိကင်းစင်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ပွင့်လင်းမြင်သာသည့် အစိုးရတစ်ရပ်ဖြစ်စေရေး စီမံဆောင်ရွက်မည်ဟု တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်မောင်က ဆက်လက်ပြောကြားခဲ့သည်။ 

The Ladies News

0 comments:

Post a Comment