Wednesday, March 27, 2019

ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှ ပြည်သူအတွက် ပူးပေါင်းလုပ်ဆောင်နိုင်မည့်သူမျိုးကို မျှော်လင့်ကြောင်း မြို့တော်ဝန်ပြော


ရန်ကုန်စည်ပင်ရွေး ကောက်ပွဲတွင် ၀င်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်း များအနက် ပြည်သူအတွက် ပူး ပေါင်းလုပ်ဆောင်နိုင်မည့်သူမျိုး ကို မျှော်လင့်ကြောင်း ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။ 
မကြာမီပြုလုပ်မည့် စည်ပင်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ အနေဖြင့် မှန်မှန်ကန်ကန်ရွေးချယ် ရန် ၎င်းကတိုက်တွန်းသည်။ 

‘‘လူတစ်ယောက်ရဲ့ သမိုင်း ကြောင်း၊ သူ့ရဲ့ဘက်ဂရောင်းကို ကြည့်ပြီးတော့မှ ရွေးပါ။ ဒီလူဟာ ကျွန်တော်တို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ဘယ်လောက်အထိ ပံ့ပိုးပြီးတော့ ပြည်သူအတွက် ပူးပေါင်းပြီး ပို လုပ်ဆောင်နိုင်မယ့် လူမျိုးကို ကျွန်တော် မျှော်လင့်ပါတယ်’’ဟု ဦးမောင်မောင်စိုးက ယမန်နေ့ (မတ်လ ၂၇ ရက်)က ရွှေဂုံတိုင်ရှိ ဒီချုပ်ပါတီရုံးချုပ်တွင် ကျင်းပ သည့် (၇၄)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား သို့ တက်ရောက်စဉ် သတင်း ထောက်များအား ပြောကြား သည်။ 

ယင်းရွေးကောက်ပွဲ ၀င် ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်များနှင့် ပတ်သက်၍ မှတ် ချက်ပြု ပြောကြားစရာမရှိ ကြောင်း ၎င်းကဆိုသည်။ 

လက်ရှိတွင် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီ၌ မြို့တော်ဝန် ဦးမောင်မောင် စိုးနှင့် အစိုးရခန့် ကော်မတီဝင် လေးဦးက စည်ပင်သာယာရေး လုပ်ငန်းများ ဦးဆောင်လုပ်ကိုင် နေသည်။ 

မတ်လ ၃၁ ရက်တွင် ပြုလုပ်မည့် စည်ပင်ရွေးကောက်ပွဲ၌ ပြည်သူက ရွေးချယ်တင်မြှောက်မည့် ကော်မတီဝင်ခြောက်ဦး တက်လာမည်ဖြစ်ပြီး စည်ပင်သာယာရေးလုပ်ငန်းများကို အစိုးရခန့် ကော်မတီဝင်များနှင့် ပူး ပေါင်း ဆောင်ရွက်ရမည်ဖြစ် သည်။ 

ရွေးချယ်ခံ ကော်မတီဝင် ခြောက်ဦးအနက် တစ်ဦးသည် ဒုတိယမြို့တော်ဝန်အဖြစ် တာဝန် ယူရမည်ဖြစ်သည်။ 

ယင်းရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး မြို့တော်ကော်မတီဝင် နေရာအ တွက် ခြောက်ဦး၊ မြို့နယ်စည်ပင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နှစ်ဦးအတွက် ၉၉ ဦး ရွေးချယ်ခံရမည်ဖြစ် ကြောင်း စည်ပင်ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထား သည်။

7Day


No comments:

Post a Comment