ရန်ကုန်မြို့ မြို့ပြအမွေအနှစ်တစ်ခုဖြစ်တဲ့ လမ်းမတော်မြို့နယ်က ဗဟိုအမျိုးသမီးဆေးရုံကြီး( ယခင် ဒပ်ဖရင်ဆေးရုံ) ကို ဒီကနေ့ မတ်လ(၂၈) ရက် မနက်ပိုင်းက မြို့ပြအမွေအနှစ်အထိမ်းအမှတ် အဆောက်အဦအဖြစ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ပါတယ်။
အပြာရောင်ကမ္ဗည်းပြားကို ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ အစောဆုံး တည်ဆောက်ခဲ့တဲ့ (D)အဆောင်မှာ တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အခုတပ်ဆင်တဲ့ အပြာရောင်ကမ္ဗည်းပြားဟာ ရန်ကုန်မြို့မှာ ၂၉ ခုမြောက် တပ်ဆင်တာဖြစ်ပြီး အခမ်းအနားကို ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ခဲ့ပါတယ်။
One News Myanmar











0 comments:
Post a Comment