Monday, March 25, 2019

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ရိုဟေး ဆာဆာကာဝါအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ရိုဟေး ဆာဆာကာဝါအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ 
အမြင်ချင်းဖလှယ်ဆွေးနွေး 
ထိုသို့တွေ့ဆုံရာတွင် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌအနေဖြင့် ရခိုင်ပြည်နယ်အတွင်း သွားရောက်ကြည့်ရှုလေ့ လာခဲ့ပြီး အခြေအနေမှန်များအား တွေ့ရှိခဲ့ရမှု၊ ရခိုင် ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ ရောင်းဝယ်နေမှုနှင့် ဖမ်းဆီးနှိမ်နင်း ဆောင်ရွက်နေမှု၊ ဂျပန်နိုင်ငံမှ မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက်ကူညီဆောင်ရွက်ပေးမည့် အခြေအနေများ၊ တပ်မတော်မှ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဂျပန်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေသည့် အခြေအနေ များအား ရင်းရင်းနှီးနှီးအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။ 

သတင်းစဉ် 
ဓါတ်ပုံ -တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
MOI Webportal Myanmar 

0 comments:

Post a Comment