ဗီယက်နမ် ပြည်သူ့ ရေတပ်က အရာရှိ၊ စစ်သည်တွေ ပါဝင်တဲ့ ဖရီးဂိတ် Ly Thai To (စစ်ရေယာဉ် အမှတ်-ဝ၁၂)ဟာ မြန်မာ နိုင်ငံကို ချစ်ကြည်ရေး ခရီးအဖြစ် မြိတ်မြို့ကို ဧပြီ(၃) ရက်က ရောက်ရှိလာပြီး တနင်္သာရီ ရေတပ်စခန်းဌာနချုပ်က တာဝန်ရှိသူတွေ ကြိုဆို ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုးံက ထုတ်ပြန်ထားပါတယ်။
ဗီယက်နမ် ရေတပ်ကို ဦးဆောင်လာတဲ့ Senior Captain Nguyen Cong Son နဲ့ စစ်ရေယာဉ်မှူး Lieutenant Commander Do Hai Long တို့ ချစ်ကြည်ရေးအဖွဲ့ဟာ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေကို အဲဒီနေ့ နေ့ပိုင်းမှာ သွားရောက်တွေ့ဆုံခဲ့ပြီး ညနေပိုင်းမှာ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်၊ ဌာနချုပ်မှူးနဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ နှစ်နိုင်ငံရေတပ်ဆိုင်ရာကိစ္စရပ်တွေကို ဌာနချုပ် ဧည့်ရိပ်သာ မှာ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
အခုရောက်ရှိနေတဲ့ ဗီယက်နမ် ပြည်သူ့ရေတပ်မှာ စစ်ရေယာဉ် ၀၁၂ နဲ့ အတူ အရာရှိစစ်သည် ၁၃၀ လိုက်ပါလာပြီး မြန်မာနိုင်ငံမှာ ဧပြီ(၆) ရက်အထိ လေးရက်ကြာ လေ့လာလည်ပတ်ကြမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
One News Myanmar








0 comments:
Post a Comment