Thursday, April 4, 2019

အတိုင်ပင်ခံအပေါ် မလျော်မကန်သုံးနှုန်းပြောဆိုသည့် ကထိက စိတ်မူမမှန်ဟုဆို ပညာရေးဝန်ကြီးဌာနထံ အစီရင်ခံစာတင်ရန် ထားဝယ်တက္ကသိုလ်ပြင်ဆင်နေ

လူမှုကွန်ရက်စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်အ ပေါ် မလျော်ကန်သည့် အသုံးအနှုန်းဖြင့် ရေးသားဖော်ပြသူ ထားဝယ်တက္ကသိုလ် ဘူမိဗေဒဌာန ကထိကဆရာမနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းအစိုးရအဖွဲ့ထံ အစီရင်ခံ တင်ပြမည်ဟု ထားဝယ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်က ပြောကြား သည်။ 
‘‘သူက စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆေးကုသမှုခံယူနေ တာတော့ အမှန်ပါပဲ။ ၂၀၁၈ တစ်နှစ်လုံး ရန်ကုန်ဗဟိုစည်ဆေး ရုံမှာ အထူးကုဆရာဝန်ကြီးနဲ့ဆေး ကုသမှုခံယူနေရတဲ့ ဆေးမှတ် တမ်းလေးတွေရပါပြီ။ ၂၀၁၉ နှစ် ဆန်းပိုင်းမှာ သူ အဲဒီဆေးတွေကို ဖြတ်တယ်ပြောတယ်’’ဟု ဒေါက် တာချိုချိုမြင့်က ရှင်းပြသည်။ 

၎င်း ကထိကဆရာမသည် မတ်လ ၂၁ ရက်က ပြုလုပ်သည့် တက္ကသိုလ်စာမေးပွဲတွင် စာမေးပွဲခန်းအတွင်း ကြီးကြပ်တာဝန် ကျသော်လည်း သွေးတိုးနေသည် ဆိုကာ ခွင့်တင်ခဲ့ကြောင်း၊ မတ် လ ၂၂ ရက် နောက်ပိုင်းကစ၍ စိတ်မူမမှန်သည့် လက္ခဏာပိုမို ဆိုးရွားလာကြောင်း ဒေါက်တာချို ချိုမြင့်ကဆိုသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက် ၍ ဧပြီ ၂ ရက် ညနေ ၃ နာရီခွဲခန့် တွင် 7Day Daily သတင်းစာက ဆက်သွယ်မေးမြန်းရာ ၎င်းဆရာမနှင့်ပတ်သက်သော ဆေးကုသမှု မှတ်တမ်းများ အပါအဝင် ဖြစ်စဉ်အသေးစိတ်ကို ပညာရေးဝန်ကြီး ဌာန ဝန်ကြီးရုံးထံ တင်ပြရန် အစီရင်ခံစာရေးသားနေကြောင်း ထားဝယ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်က အတည်ပြုသည်။ 

စိတ်ဝေဒနာခံစားနေရသည် ဆိုသည့် ကထိကဆရာမသည် Khine Lwin အကောင့်ဖြင့် ၎င်း အသုံးပြုသော လူမှုကွန်ရက်စာ မျက်နှာတွင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ထံ အိတ်ဖွင့်ပေးစာဆို ကာ တစ်ပါးသူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် မလျော်ကန်သည့် အသုံးအနှုန်းများဖြင့် သုံးနှုန်းရေး သားသည့်စာ၊ ဓာတ်ပုံဖိုင်များ ပို့စ်တင်ထားသည်။ 

ယမန်နှစ် ဖေဖော်ဝါရီ ၁ ရက်ကလည်း စိတ်ရောဂါရှိသည်ဆိုသော အမျိုးသားတစ်ဦးက ရန် ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ဓာတ်ဆီပုလင်း မီးရှို့၍ ပစ်ပေါက်မှု ဖြစ်ပွားခဲ့ သည်။

7Day

0 comments:

Post a Comment