ထိုင်းနိုင်ငံမှာ လက်ရှိဘုရင် အသက် ၆၆ နှစ်အရွယ် မဟာဝဇီရာလောင်ကွန်ကို ဒဿမမြောက် ရာမ ဘုရင်အဖြစ် ဘိသိက်ခံပွဲကျင်းပဖို့ တနင်္ဂနွေနေ့က အစမ်းလေ့ကျင့်ခဲ့ပါတယ်။
ဘန်ကောက်မြို့က လမ်းပေါင်း ၄၀ ကိုပိတ်ပြီး၊ ၀တ်စုံပြည့် ၀င်းခင်းပြီး လေ့ကျင့်ခဲ့တာပါ။
ထိုင်းနိုင်ငံမှာ နှစ် ၇၀ ကြာ နန်းသက်ရှိခဲ့တဲ့ ဖခင်ဖြစ်သူ ဘုရင်ကြီး ဘူမိဘောအဒူယာဒက်ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ နတ်ရွာစံ ကံကုန်သွားခဲ့ပါတယ်။ ဒါကြောင့် အခုကျင်းပတဲ့ ဘိသိတ်ခံပွဲဟာ ထိုင်းမှာ ပြီးခဲ့တဲ့ နှစ် ၇၀ အတွင်း ပထမဆုံးဖြစ်ပါတယ်။
မေလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိကျင်းပမယ့် ဘိသိက်ခံပွဲအတွက် ထိုင်း စစ်အစိုးရက အမေရိကန် ဒေါ်လာ ၃၁ သန်းနဲ့ညီတဲ့ ထိုင်းဘတ်ငွေ တစ်ဘီလျှံ လျာထားထားတယ်လို့ရိုက်တာ သတင်းက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ ဘုရင်ဟာ နိုင်ငံရေးမှာ မပါဝင်တဲ့ စည်းမျဉ်းခံ ဘုရင်ဖြစ်ပါတယ်။
Photo: Lillian SUWANRUMPHA / AFP
RFA







0 comments:
Post a Comment