အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ ဝင်ရောက်ခဲ့ပြီဖြစ်ပြီး ခန့်မှန်းထားသည်ထက် နှစ်ရက်နောက်ကျခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။
Friday, May 31, 2019
ဂျပန်အခြေစိုက် Nissin Electric ကုမ္ပဏီက သီလဝါ၌ ဇွန်လတွင် စက်ရုံတည်ဆောက်မည်
ဂျပန်အခြေစိုက်လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီ Nissin Electric ကုမ္ပဏီက သီလဝါအထူးစီးပွားရေးဇုန် တွင် လာမည့် ဇွန်လ၌ စက်ရုံတည်ဆောက်မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။
ကရင်နီလူငယ် ခြောက်ဦးကို ဖမ်းဝရမ်းထုတ်
ကယားပြည်နယ် ၀န်ကြီးချုပ် ဦးအယ်ဖောင်းရှိုနဲ့ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးတို့ကို နိုင်ငံရေး ရာဇ၀တ်ကောင်တွေ၊ ကရင်နီအမျိုးသား သစ္စာဖောက်တွေအဖြစ် ထုတ်ပြန်ခဲ့တဲ့ ကရင်နီလူငယ် ခြောက်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားပြီး တွေ့ရှိတယ်ဆိုရင် နီးစပ်ရာရဲစခန်းကို အကြောင်းကြားဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မနေ့ကညနေမှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်နိုင်ငံ ဗါဂျီးနီးယားပြည်နယ်ရှိ အစိုးရအဆောက်အအုံတွင် ပစ်ခတ်မှုဖြစ်ပွား ၊ အနည်းဆုံး ၁၂ ဦးသေဆုံး
အမေရိကန်ပြည်ထောင်စု ဗါဂျီးနီးယားပြည်နယ်က အစိုးရအဆောက်အအုံကို သေနတ်သမားတစ်ဦး ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူ(၁၂)ဦး သေဆုံးပြီး၊ (၆)ဦး ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်ရဲတွေက မေလ ၃၁ ရက်နေ့က ပြောပါတယ်။
မန္တလေးတိုင်း၊ ၀မ်းတွင်းမြို့နယ်တွင် သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေး ထွန်တုံးတိုက်ပွဲ ဆင်နွှဲ
မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်၊ မကျီးအုပ်ကျေးရွာ ၊ စာမြဲ တောင်ခြေတွင် သိမ်းဆည်းခံ မြေယာများ ပြန်လည်ရရှိရေး မြေသိမ်းခံ တောင်သူများက ထွန်းတုံးတိုက်ပွဲ ဇွန်လ ၁ ရက်နေ့က ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။
လီဆူတိုင်းရင်းသားတွေကို KIA က ဖမ်းဆီးသတ်ဖြတ်မှု ရှုတ်ချပွဲ မြစ်ကြီးနားမြို့မှာ ကျင်းပမည်
လီဆူတိုင်းရင်းသားတွေကို KIA အဖွဲ့က ဖမ်းဆီးသတ်ဖြတ်တာတွေကို ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒပြပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က ဇွန်လ သုံးရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်နှင့် ဟန်ဂေရီခရီးစဉ် စတင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ အန်ဒရီးဘားဘီးစ်၏ ဖိတ်ကြားချက်အရ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂ ရက်မှ ၄ ရက်အထိ ချက်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့ ၀၈၃၀ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားပါသည်။
(၄) ကြိမ်မြောက် ၁၀၀၀ တန် အောင်ဘာလေထီတွင် ရောင်းမကုန်ထီစာအုပ်ရေ ငါးသိန်းကျော် ကျန်ရှိ
ဇွန်လ ၁ ရက်တွင် ဖွင့်လှစ်မည့် (၄) ကြိမ်မြောက် ၁၀၀၀ တန် အောင်ဘာလေထီတွင် ရောင်းမကုန်သည့် ထီစာအုပ်ရေ (၅၀၆၀၃၃) အုပ် ကျန်ရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၁၀၀၀ ကျော် အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေးစီမံကိန်းအတွက် အီတလီနိုင်ငံက အတိုးမဲ့ချေးငွေ ယူရိုသန်း ၃၀ ရယူရန် လက်မှတ်ရေးထိုး
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၁၀၀၀ ကျော်အား အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေး စီမံကိန်းအတွက် အီတလီနိုင်ငံက အတိုးမဲ့ချေးငွေ ယူရိုသန်း ၃၀ ရယူရန်အတွက် ချေးငွေစာချုပ်ကို မေ ၂၃ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
ကိုလိုနီခေတ် လူမျိုးရေးခွဲခြားမှု၏ ဗဟိုအချက်အချာ နေရာဟု ဆိုနိုင်ပြီး နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ နာမည်ကျော် ပဲခူးကလပ်တွင် အပြာရောင် ကမ္ပည်းပြား တပ်ဆင်
ကိုလိုနီခေတ် လူမျိုးရေးခွဲခြားမှု၏ ဗဟိုအချက်အချာ နေရာဟု ဆိုနိုင်ပြီး နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ နာမည်ကျော် ပဲခူးကလပ်တွင် အပြာရောင် ကမ္ပည်းပြား တပ်ဆင်ခဲ့ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT) မှ သိရသည်။
မန္တလေးမြို့ရှိ မီးဘေးသင့် မင်္ဂလာဈေး ပြန်လည် တည်ဆောက်မည့် ဒီဇိုင်း ပုံကြမ်းအရ အဆင်မပြေနိုင်သည့်အတွက် ဈေးသူ ဈေးသားများ သတင်းစာရှင်းလင်း
မန္တလေးမြို့ရှိ မင်္ဂလာဈေးမှာ ၂၀၁၆ ခုနှစ်အတွင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် အဆင့်မြင့်ဈေး တည်ဆောက်ရန်အတွက် စီစဉ် ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့် ဧပြီလအတွင်း သက်ဆိုင်ရာအဖွဲ့မှ ဆိုင်ခန်းရှင်များနှင့် ခေါ်ယူတွေ့ဆုံ ရှင်းလင်းပြသခဲ့ရာတွင် တည်ဆောက်မည့် ဒီဇိုင်းအကြမ်းမှာ မူလ နေရာအတိုင်း မဟုတ်သည့်အတွက် ဈေးသူ ဈေးသားများက မူလနေရာအတိုင်း ပြန်လည် ရရှိရေးအတွက် သတင်းစာ ရှင်းလင်းပွဲကို မေ ၃၀ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ညအိပ်ရပ်နားတဲ့ရေယာဉ်ကနေ ရေဆင်းချိုးတဲ့ကျောင်းသားတစ်ဦးပျောက်ဆုံးနေ
ချင်းတွင်းမြစ်အတွင်းပြေးဆွဲနေတဲ့ ခရီးသည်တင် အမြန်ရေယာဉ် ပေါ်က ရေဆင်းချိုးတဲ့ ကျောင်းသားတစ်ဦး ပျောက်ဆုံးနေပါတယ်။
မိုဘိုင်းအော်ပရေတာ EE က ဗြိတိန်နိုင်ငံတွင် ပထမဆုံး 5G ကွန်ရက် စတင်
မိုဘိုင်းဖုန်းအော်ပရာတာတစ်ခုဖြစ်တဲ့ EE က ဗြိတိန်နိုင်ငံရဲ့ ပထမဆုံး5Gကွန်ရက်ကို မေလ(၂၉)ရက်နေ့ညက စတင် ဖွင့်လှစ်လိုက်ပါပြီ။ လန်ဒန်မြို့ရဲ့ Thames မြစ်ကမ်းဘေးမှာ ရက်ပါအဆိုတော် Stormzy ရဲ့ ဖျော်ဖြေပွဲတစ်ခုနဲ့ စတင်ဖွင့်လှစ်ခဲ့တာပါ။
ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေနှင့်ညီမညီ စိစစ်ပေးရန် ကြံ့ခိုင်ရေးပါတီ ခုံရုံးထံတိုင်ကြား
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လွှတ်တော်အနေနဲ့ ဥပဒေနဲ့အညီလုပ်ဆောင်မှု မရှိခဲ့တဲ့အပေါ် စိစစ်ဆုံးဖြတ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုး တိုင်ကြားလိုက်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၂)နှစ်အောက်ကလေးများအားငွေကြေးထောက်ပံ့ရန်IDAထံမှကန်ဒေါ်လာသန်း(၁၀၀)ချေးငွေရယူရန်လွှတ်တော်သို့ရှင်းလင်းတင်ပြ
ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသည့်အသက်(၂)နှစ်အောက်ကလေးသူငယ်များအားငွေကြေးထောက်ပံ့ခြင်းဆောင်ရွက်ရန်ကမ္ဘာ့ဘဏ်၏အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့(IDA)ထံမှအမေရိကန်ဒေါ်လာသန်း(၁၀၀)ချေးငွေရယူရေးနှင့်စပ်လျဉ်းပြီးလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကယနေ့ကျင်းပသောပြည်ထောင်စုလွှတ်တော်တွင်ရှင်းလင်းတင်ပြခဲ့သည်။
ရှမ်းဒုက္ခသည်စခန်းများကို ခြိမ်းခြောက်ခြင်းမရှိဟု ‘၀’အဖွဲ့ပြော
‘၀’လက်နက်ကိုင်အဖွဲ့ (UWSA)က ရှမ်းဒုက္ခသည်စခန်းများကို ခြိမ်းခြောက်ခြင်းမရှိ ကြောင်း ယင်းအဖွဲ့၏လားရှိုး ဆက်ဆံရေးရုံးတာဝန်ခံဦးညီရန်း က ပြောသည်။
ဝမ်းတွင်းမြို့နယ် စမြဲစိုက်ကွင်း ဧရိယာတွင် သီးစားတောင်သူများ နှင့် ဓားမဦးချပိုင် တောင်သူများ မြေယာအငြင်းပွားမှုဖြစ်ပွား
ဝမ်းတွင်းမြို့နယ် မကျီးအုပ် ကျေးရွာ စမြဲစိုက်ကွင်းတွင် ယနေ့ မေလ(၃၁)ရက်နေ့ နေ့လည်ပိုင်းက ဓားမဦးချပိုင် တောင်သူများမှ ထွန်တုံးတိုက်ပွဲဆင်နွှဲ ခဲ့ပါသည်။
ဆရာတော်ဦးဝီရသူအား ဖမ်းဆီးရေးကို လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်သွားမည်ဟု ဦးဇော်ဌေးပြောကြား
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) ဖြင့် အမှုဖွင့်ကာ ၀ရမ်းထုတ်ခြင်း ခံထားရသည့် ဦးဝီရသူအား ဖမ်းဆီးရေးကို လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဟု အစိုးရပြောရေး ဆိုခွင့်ရှိသူ၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
မိုက်ကယ်ကျော်မြင့်ကို ပုဒ်မ ၂၉၅ သာသနာညှိုးနွမ်းပါ တပ်သင့်၊ မဖမ်းဆီးနိုင်ခြင်းမှာ ရဲတပ်ဖွဲ့ ပေါ့ဆမှုဟု ရှေ့နေ ဦးသိန်းသန်းဦးပြော
တောင်ဒဂုံမြို့နယ်တွင် အဓိကရုဏ်းဖြစ်စေရန် လှုံ့ဆော်ခဲ့သူ မိုက်ကယ်ကျော်မြင့်ကို တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးက ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသော် လည်း ယင်းစွဲဆိုမှုသည် မလုံလောက်သေးဘဲ ပုဒ်မ ၂၉၅ သာသနာညှိုးနွမ်းစေမှုပါ တပ်သင့်ကြောင်း အထက်မြန်မာနိုင်ငံရှေ့နေများကွန်ရက် ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
မော်တော်ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်မည့်မြန်မာနိုင်ငံသားနှစ်ဦး မြန်မာနိုင်ငံမှ စတင်ထွက်ခွာ
မော်တော်ဆိုင်ကယ်နဲ့ကမ္ဘာပတ်မယ့် ကိုစိုင်းဇွန်ဖနဲ့ ကိုအောင်ကျော်ဝင်း တို့နှစ်ယောက်ဟာ မေ(၃၁)ရက် မနက်ပိုင်းမှာ တာချီလိတ်မြို့ကို ထွက်ခွာသွားကြပြီဖြစ်ပါတယ်။
"ဦးဝီရသူ ရန်ကုန်သို့ရောက်ရှိနေသော်လည်း အဆက်အသွယ်မရသေး" ဟု အမျိုးသားရေး ပြောဆိုခွင့်ရှိသူဆို
ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ ဖမ်းဝရမ်းထုတ်ပြန်ထားသည့် ဆရာတော်ဦးဝီရသူမှာ ရန်ကုန်သို့ရောက်ရှိနေပြီးဖြစ်သော်လည်း လက်ရှိအချိန်အထိ အမျိုးသားရေးအဖွဲ့များနှင့်အဆက်အသွယ်မရသေးကြောင်း ယင်းအဖွဲ့၏ပြောဆိုခွင့်ရှိသူ ဦးဝင်းကိုကိုလတ်က ပြောကြားသည်။
ဦးဝီရသူကိုဖမ်းပြီးနောက် နောက်ဆက်တွဲပြဿနာများဖြစ်မလာရန် မူဝါဒရှိပြီးဖြစ်ဟု ဦးဇော်ဌေးပြော
နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်၊ ဖမ်းဝရမ်းထုတ်ခံထားရသူ ဦးဝီရသူကို ဖမ်းဆီးပြီးနောက်ပိုင်း နောက်ဆက်တွဲပြဿနာများ အဖြစ်ပေါ်စေရန် မူဝါဒရှိပြီးဖြစ်ကြောင်း မေလ ၃၁ ရက်က နေပြည်တော်တွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးကပြောကြားသည်။
မန္တလေး ကျုံးပတ်လည်တွင် ထီရောင်းချမှု စနစ်တကျဖြစ်အောင် ဆောင်ရွက်မည်
မန္တလေးမြို့ ကျုံးပတ်လည်တွင် ထီသည်များ ထီရောင်းချမှုကို စနစ်တကျဖြစ်စေရန်အတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည် ။
စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများကို ဖမ်းဆီး
ယာဉ်အန္တရာယ် ကင်းရှင်းရန်အတွက် စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများကို ဖမ်းဆီး၍ ပညာပေးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
"ဦးဝီရသူ ကိစ္စ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်မည်" ဟု သမ္မတရုံး ဆို
ဆရာတော်ဦးဝီရသူအား တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းအတိုင်းသာ ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောသည်။
မန္တလေး မဟာမြတ်မုနိဘုရားကြီး ၀င်ကြေး နိုင်ငံခြားသားတစ်ဦးလျှင် ကျပ်ငါးထောင်သတ်မှတ်
မန္တလေးမြို့ရှိ အထင်ကရ ဘုရားကြီးဖြစ်သည့် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်တွင် ၀င်ကြေးအဖြစ် နိုင်ငံခြားသားတစ်ဦးလျှင် ကျပ်ငါးထောင်သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါဘုရားဂေါပကအဖွဲ့ထံက သိရသည်။
နှီးဒေါင်းလန်းဝတ်စုံဖြင့် National Costume Winner ဆုရ မုံရွာအလှမယ်
၂၀၁၉ ခုနှစ်အတွက် မယ်စကြ၀ဠာမြန်မာ အလှမယ်ပြိုင်ပွဲမှာ အမျိုးသားဝတ်စုံဆုကို မုံရွာအလှမယ် မီမီဇင်ရဲ့ ဆန်းပြားလှပတဲ့ နှီးဒေါင်းလန်းဝတ်စုံက National Costume Winner ဆုကို ရရှိခဲ့ပါတယ်။
မယ်ဆိုင်ဘက်မှ ဝင်ရောက်လာသည့် ဘတ်သန်းပေါင်း ၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပန်းခရိုင် မဲ့ဖရိတ်မြို့နယ်ထဲမှာ မယ်ဆိုင်ဘက်ကနေ သယ်ဆောင်လာတဲ့ ဘတ်သန်းပေါင်း ၄၀၀ ကျော်တန်ဖိုးရှိ အိုက်စ်နဲ့ ခေတမင်း မူးယစ်ဆေးတွေ ဖမ်းဆီးရမိတယ်လို့ လမ်းပန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရသည့် ဦးဝီရသူ ဘေးအန္တရာယ် ကင်းဝေးစေရန် ဆုတောင်း
ဆရာတော် ဦးဝီရသူ ကြုံတွေ့နေတဲ့ ဘေးအန္တရာယ်တွေ ကင်းဝေးစေဖို့အတွက် မေလ ၃၀ ရက်နေ့ ညနေပိုင်းအချိန်က မန္တလေးမြို့ အိမ်တော်ရာဘုရားမှာ ဆုတောင်းမေတ္တာပို့ခဲ့ကြပါတယ်။
ကံသာယာရပ်ကွက်က အဆောက်အဦး ၁၅၀ ကျော် ဖယ်ပေးရမယ်လို့ စည်ပင်စာပို့
မန္တလေးမြို့ စည်ပင်ပိုင်မြေပေါ်မှာ ကျူးကျော်ဆောက်လုပ်ထားတယ်ဆိုပြီး ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်အတွင်းက လူနေအိမ်အပါအ၀င် အဆောက်အဦး ၁၅၀ ကျော်ကို ဇွန် ၇ ရက်နေ့နောက်ဆုံးထားဖယ်ပေးဖို့ စည်ပင်သာယာရေးကော်မတီက စာပေးပို့လိုက်ပါတယ်။
ပုဂ္ဂလိက ကျောင်းများမှ ထုတ်ပေးသည့် လက်မှတ်များစစ်မှန်မှုရှိ၊ မရှိစစ်ရန်အဆိုတင်
ပုဂ္ဂလိက ပညာ ရေးသင်တန်းကျောင်းများ၏ အရည်အသွေး၊ အဆင့်အတန်းကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ယင်းသင်တန်းကျောင်းများမှ ထုတ် ပေးသော လက်မှတ်များကို စိစစ် ပြီး သတင်းထုတ်ပြန်ပေးရေးတိုက် တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော်တွင် ဆက်လက်ဆွေး နွေးမည်ဖြစ်သည်။
အိုးဘိုထောင်တွင် Channel Mandalay TV သတင်းထောက် ကိုနန္ဒ အစာငတ်ခံဆန္ဒပြ၍ ထောင်ဝင်စာအပိတ်ခံရ၊ ရဲလုံခြုံရေးအများအပြားချထား
မန္တလေး အိုးဘိုထောင်တွင် Channel Mandalay TV သတင်းထောက် ကိုနန္ဒ အစာငတ်ခံ ဆန္ဒပြနေပြီး ထောင်ဝင်စာ ပိတ်ပင်ခံထားရကြောင်း Channel Mandalay TV ၏ အယ်ဒီတာချုပ် ဦးမင်းဒင်က ပြောသည်။
လက်ရှိတွင် ပင်စင်စားဦးရေ ကိုးသိန်းခန့်ရှိပြီး ပင်စင်အသုံးစရိတ် ကျပ်ဘီလျံ ၁၀၀၀ ကျော် သုံးစွဲလျက်ရှိပြီး အခွန်ရငွေ၏ ခြောက်ပုံတစ်ပုံနှင့် နိုင်ငံတော်စုစုပေါင်းအသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်းရှိကြောင်း သိရ
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ပင်စင်စားဦးရေ ကိုးသိန်းခန့်ရှိပြီး ပင်စင်အသုံးစရိတ် ကျပ်ဘီလျံ ၁၀၀၀ ကျော် သုံးစွဲလျက်ရှိပြီး အခွန်ရငွေ၏ ခြောက်ပုံတစ်ပုံနှင့် နိုင်ငံတော် စုစုပေါင်းအသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်းရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါ ၀ါမောင်က ပြောကြားသည်။
မိုက်ကယ်ကျော်မြင့်အားဖမ်းဆီးရမိရေး ဘားအံမှ မြဝတီအကြား စစ်ဆေးရေးဂိတ် ၅ ခုချ၍ လုံခြုံရေးတင်းကျပ်ထား
မိုက်ကယ်ကျော်မြင့်အား ဖမ်းဆီးရမိရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့မှ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ အထိ စစ်ဆေးရေးဂိတ် ၅ ခုချ၍ လုံခြုံရေးတင်းကျပ်ထားကြောင်း သတင်းရရှိသည်။ မေလ ၃ဝ ရက် မွန်းလွဲ ၁ နာရီမှ စတင်ကာ မြို့ဝင်မြို့ထွက်နေရာများတွင် ရဲတပ်ဖွဲ့မှ လုံခြုံရေးတိုးမြှင့်ချထားပြီး ရန်ကုန်ဘက်မှ ကရင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသောကားများကို ရှာဖွေစစ်ဆေးရေးလုပ်ငန်းများတိုးမြှင့်လုပ်ဆောင် နေခြင်းဖြစ်သည်။


















































