Thursday, May 2, 2019

တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းသည့်ကာလ (၂)လ တိုးမြှင့်ခြင်း အပေါ် ကြိုဆို


တပ်မတော်က ၂၀၁၉ ခုနှစ် မေလ ၁ ရက်ကနေ ဇွန်လ ၃၀ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုများကို ဆက်လက် ရပ်ဆိုင်း ထားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုးံက ထုတ်ပြန်ခဲ့တဲ့ အပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကို အချို့က ကြိုဆိုကြောင်း ထုတ်ပြန် ခဲ့ပါတယ်။ 
  
အမေရိကန် သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းထားမယ့် ကာလ ထပ်မံတိုးမြှင့်တဲ့ ကြေညာချက်ကို ကြိုဆိုပြီး မြန်မာနိုင်ငံမှာ ပိုမိုငြိမ်းချမ်းရေးအတွက် အားပေးကူညီ သွားမှာ ဖြစ်သလို ပဋိပက္ခဘေးသင့် လူမှုအသိုက်အဝန်းတွေ ကိုလည်း အကူအညီများပေးအပ်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါ။ 

NCA လက်မှတ်ရေးထားတဲ့ သျှမ်းပြည် ပြည်လည်ထူထောင်ရေး ကောင်စီ(RCSS) ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ကြေညာချက်ကို ကြိုဆိုခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းထားတဲ့ နှစ်လတာကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ဖို့ အတွက် သက်ဆိုင်တဲ့ အစုအဖွဲ့ အသီးသီးတို့က အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ကလည်း တပ်မတော်ရဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းထားတဲ့ကာလ နှစ်လတိုးမြှင့်လိုက်တာကို ကြိုဆိုတဲ့ ကြေညာချက်ကို စစ်ဦးစီးချုပ်က လက်မှတ် ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။ 

နောက်ထပ် NCA လက်မှတ်ရေးထားတဲ့ ကရင် လက်နက်အဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ KNU/ KNLA(PC) က အပစ်အခတ်ရပ်စဲ ထားတဲ့ ကာလ သက်တန်းတိုးတာကို ကြိုဆိုခဲ့ပြီး တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပါ် သဘောထားကြီးမှုကို အသိအမှတ်ပြု တယ်လို့လည်း ကြေညာချက်မှာပါရှိပါတယ်။ 

တပ်မတော်က စစ်တိုင်းကြီး (၅)တိုင်းမှာ စစ်ရေးလှုပ်ရှားမှုဆိုင်ရာတွေ ကို (၂) လကြာ ထပ်မံရပ်ဆိုင်းထားမယ်လို့ ၂၀၁၉ ခုနှစ် ဧပြီလ (၃၀) ရက်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုးံက ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

ပထမအကြိမ် အပစ်ရပ်ကာလ ကတော့ ဒီဇင်ဘာ ၂၁ ရက် ကနေ ဧပြီ ၃၀ ရက်အထိ (၄) လကျော် ကြာမြင့်ခဲ့ပါတယ်။


One News Myanmar 

0 comments:

Post a Comment