Thursday, May 2, 2019

(၃)ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှ အမြင့်ဆုံး ကျပ် သိန်း (၁၅၀၀၀) ဆုကို ပုသိမ်မြို့ မှ ဆွတ်ခူး



၂၀၁၉ မေ ၁ က ဖွင့်လှစ်ခဲ့သည့် (၃) ကြိမ်မြောက် အောင် ဘာလေထီဖွင့်ပွဲမှ အမြင့်ဆုံးဆုဖြစ်သည့် ကျပ်သိန်း (၁၅၀၀၀)ဆုကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မှ အမျိုးသားတစ်ဦးက ဆွတ်ခူးခဲ့သည်။ 

ပုသိမ်မြို့တက်ဆိပ်ရပ်ကွက်မှအမျိုးသားတစ်ဦးက ၁၀ စောင် တွဲထီလက်မှတ်များထဲမှကခ- ၅၈၅၀၂၄ နံပါတ်ဖြင့်ကျပ်သိန်းတစ်သောင်းခွဲကံထူးခဲ့ခြင်းဖြစ်သည်။ 

(၃) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှ သိန်း (၁၅၀၀၀) ပိုင်ရှင်ကို ဖွင့်လှစ်သည့်နေ့ တွင်မသိရှိခဲ့ဘဲ မေ ၂ ရက်နေ့  ည ၉း၁၄ နာရီမှသာ ပုသိမ်အခြေစိုက်သည့် ထီရောင်းချသူတစ်ဦးက ၄င်း၏ Facebook တွင် တင်ခဲ့ရာမှ ကံထူးရှင်ကို သိရှိရခြင်းဖြစ်သည်။ 

ဧပြီ ၁ က ထွက်ခဲ့သည့် (၂)ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှကျပ် သိန်း(၁၅၀၀၀) ဆုကိုလည်း ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ အမှတ်(၃)ရပ်ကွက်မှ ဇနီးမောင်နှံက ဆွတ်ခူးခဲ့သည်။ 


Source / Photo – Master Thet
The Ladies News

0 comments:

Post a Comment