Monday, May 27, 2019

မူးယစ်ဆေးဝင်ဖမ်းစဉ် ပြန်လည်ခုခံ၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရ၊ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

မင်္ဂလာဒုံမြို့နယ်ရှိ နေအိမ်တစ်အိမ်ကို မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေစဉ် ပြန်လည်ခုခံ၍ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိသည်။ 
မင်္ဂလာဒုံမြို့နယ် (၃/ခ) ရပ် ကွက် (၉)လမ်းရှိ အိမ်တစ်အိမ် တွင် မူးယစ်ဆေးဝါးသတင်းရဲ တပ်ဖွဲ့က ၀င်ရောက်ရှာဖွေစဉ် အိမ်တံခါးဖွင့်ပေးခြင်းမရှိ၍ ယင်း နေအိမ်အတွင်း ကျော်နင်းဝင် ရောက်ရာ (၄၈)နှစ်အရွယ် ဦးဖိုး လမ်း (ခ) ၀င်းမင်းထွေးနှင့် ၎င်း၏ သား(၂၁) နှစ်အရွယ် လင်းမာန်ဦး တို့က ဓားရှည်ကိုယ်စီဖြင့် ပြန် လည်ခုခံသောကြောင့် သေနတ် ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 
ထိုသို့ပစ်ခတ်ဖမ်းဆီးရာ ဦး ဖိုးလမ်း (ခ) ၀င်းမင်းထွေးသည် ညာလက်မောင်းနှင့် ပေါင်တွင် ကျည်ဖောက်ဝင် ဒဏ်ရာရပြီး လင်းမာန်ဦးသည် ညာနို့အုံအ ထက်နှင့် ဘယ်နောက်ကျောနံရိုး အောက်၌ ကျည်ဖောက်ဝင်ဒဏ် ရာ နှစ်ချက်ရပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများက ဆို သည်။ 
ယင်းနေအိမ်ကို ရဲတပ်ဖွဲ့က ၀င်ရောက်စစ်ဆေးရာ စိတ်ကြွ ဆေးပြား ၅၆ ပြား၊ ဓားရှည်မျိုးစုံ ၁၀ ချောင်း၊ သံလက်သီးစွပ် နှစ် ခု၊ လှံတစ်ချောင်း၊ လေပစ္စတို သေနတ်တစ်လက်၊ သံ၊ ကော် ဘောစေ့ ၈၇ လုံး၊ သံတုတ်နှစ် ချောင်း သိမ်းဆည်းရမိကြောင်း မှတ်တမ်းများတွင် ဖော်ပြထား သည်။ 
‘‘စုံစမ်းစစ်ဆေးမှုတွေ လုပ် နေလို့ အသေးစိတ်တော့ မပြော နိုင်သေးဘူး’’ဟု ရန်ကုန်တိုင်းဒေ သကြီးရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ 
လင်းမာန်ဦးသည် ဦးဖိုးလမ်း (ခ) ၀င်းမင်းထွေး၏ သားဖြစ်ပြီး ဖခင်ကို ကာကွယ်ပေးစဉ် သေဆုံး ခြင်းဖြစ်သည်ဟု သိရကြောင်း (၃/ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနီဝင်းအောင်က ဆိုသည်။ 
‘‘ရဲတပ်ဖွဲ့က ရှောင်တခင် ၀င်ဖမ်းတာလို့ သိရတယ်။ ကျွန် တော်တို့တောင် ဖြစ်ပြီးမှ သိရ တာ’’ ဟု ၎င်းကပြောကြားသည်။

7Day 

0 comments:

Post a Comment