Monday, May 27, 2019

ပထမဦးဆုံး ဖန်ပြွန်သန္ဓေ သားကို အစိုးရသစ်လက်ထက်တွင် အာင်မြင်စွာ မွေးဖွားနိုင်ခဲ့


အစိုးရသစ်၏ တတိယတစ်နှစ်တာကာလထဲတွင် မြန်မာ့ ဆေးပညာလောကအတွက် သမိုင်းမှတ်တိုင်သစ်တစ်ခု ဖြစ်လာခဲ့သည့် ပထမဦးဆုံး ဖန်ပြွန်သန္ဓေသားကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း ကျန်းမာရေးအမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။ 
သားသမီးရရန် ခက်ခဲသည့် စုံတွဲများအတွက် ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီး တွင် စင်တာ တစ်ခု ဖွင့်ထားခဲ့ပြီး ယင်းစင်တာမှနေ၍ ပထမဦးဆုံး ဖန်ပြွန်သန္ဓေသားကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ခြင်းဖြစ်သည်ဟု အမြဲတမ်းအတွင်းဝန်က မနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောပြသည်။ 
ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)အတွင်းရှိ Fertility Centre ကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ 
ဖန်ပြွန်သန္ဓေသားနည်းကို ၂ဝ၁၇ စက်တင်ဘာလနှင့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတို့တွင် နှစ်ကြိမ်၊ သားသမီးရရန် ခက်ခဲသည့် မောင်မယ်ပေါင်း ၁၆ တွဲဖြင့် ဆောင်ရွက်ခဲ့ပြီး ထိုထဲမှ မကွေးမြို့မှ မဇင်မာလင်းဆိုသူသည် ဖန်ပြွန်သန္ဓေသားIVF ဖြင့် အောင်မြင်ပြီး ကိုယ်ဝန်ရသွားကာ ၂ဝ၁၈ ခုနှစ် ဇွန် ၁၂ ရက်နေ့က ခုနစ်ပေါင်နှင့် ငါးအောင်စ ရှိ သားယောက်ျားလေးကို အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့သည်ဟု ဗဟို အမျိုးသမီးဆေးရုံ မှတ်တမ်းများ အရ သိရသည်။ 

ဇွဲခန့် 
ဓါတ်ပုံ-MOI
Isee Media 


0 comments:

Post a Comment