Monday, May 27, 2019

ရန်ကုန်လေထု သတိထားရမည့် အခြေအနေတွင် ရှိနေဟုဆို


ဖန်တီးရာနှင့် Connect University တို့ပူးပေါင်း၍ရန်ကုန်မြို့ လေထု အရည်အသွေးကို ရှစ်နေရာတွင် တိုင်းတာမှုများ အရ ရန်ကုန်လေထုသည် AQI(လေထုအရည်အသွေး ညွှန်း ကိန်း) ၁၀၁-၁၅၀ အကြားတွင် ပုံမှန်ရှိနေသည်ဟု ဖန်တီးရာမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ ကိုငြိမ်းချမ်းကိုကိုက ပြောကြားသည်။ 
အလုံ၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ သန်လျင်၊ လှိုင်သာယာ၊ ပန်းဘဲတန်းမြို့နယ်တို့တွင် လေထုအရည်အ သွေး တိုင်းတာရေးကိရိယာများ တပ်ဆင်ကာ စောင့်ကြည့်တိုင်းတာနေသည်။ 
Air Quality Index-AQI-၁၀၁ -၁၅၀ လိမ္မော်ရောင်အ ဆင့် (ထိလွယ်ရှလွယ်သည့်ပုဂ္ဂိုလ် များတွင် သတိထားရမည့် အခြေအနေ )သည် နံနက်နှင့် ညနေတွင် ပုံမှန်ရှိနေပြီး အချို့ရက်များတွင် ၁၅၀ အထက်ရှိနေသည် ဟု ၎င်းကဆိုသည်။ 
‘‘Sensitive Group အတွင်း မှာတော့ ပုံမှန်ရှိနေတယ်။ ပြီးခဲ့တဲ့ရက်ကတော့ မိုးရွာတော့ AQI က၈၅ လောက်နဲ့ ပြန်ကျလာတယ်’’ ဟု ကိုငြိမ်းချမ်းကိုကိုက ပြော သည်။ 
လေထုအရည်အသွေး တိုင်းတာမှုကို Connect University မှ Dr.Kirt Page ဦးဆောင်သည့် မြန်မာ ကျောင်းသား၊ ကျောင်းသူအဖွဲ့က ၂၀၁၈ အောက်တိုဘာက စတင်လုပ်ဆောင်ခြင်း ဖြစ် သည်။ 
လေထုတွင် ဓာတ်ငွေ့မျိုးစုံရောနှောပါဝင်နေသော်လည်းအဓိကအားဖြင့် အလွန်သေးငယ် သည့် အမှုန်အမျိုးအစား PM2.5 ကိုတိုင်းတာ၍ ရလဒ်များကို Clean Air Myanmar ၀က်ဘ်ဆိုက်တွင် လေထုသန့်စင်မှုစံနှုန်း (Air Quality Index - AQI) ဖြင့် ဖော်ပြထားသည်။ 
လေထုညစ်ညမ်းရခြင်း အကြောင်းရင်းတွင် အဓိကအားဖြင့် စက်မှုဇုန်များလာခြင်း၊ ယာဉ်သုံးစွဲမှု များလာခြင်း၊ ရုပ်ကြွင်းလောင်စာသုံးစွဲမှုများခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များမှ အမှုန်အမွှားများ ထွက်ရှိခြင်း၊ မြို့ပြဧရိယာ ချဲ့ထွင်လာပြီး အပင်များလျော့နည်းခြင်း စသည်တို့ကြောင့်ဖြစ် သည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ဆိုသည်။ 
ပြည်တွင်းစီးပွားရေး လုပ်ငန်းများနှင့် အဖွဲ့အစည်းအချို့က လေထုအရည်အသွေး တိုင်းတာရေး ကိရိယာများကို သီးသန့်ကိုယ် ပိုင် တပ်ဆင်ထားပြီး NGO အဖွဲ့အစည်းဖြစ်သည့် Heinrich BoelleStiftung သည်လည်း၂၀၁၉ ဇန်နဝါရီက စတင်တိုင်းတာကာ ယင်းဝက်ဘ်ဆိုက်တွင် နေ့စဉ်ဖော်ပြ နေသည်။ 
လေထုအရည်အသွေး ညွှန်းကိန်း (AQI) အဆင့်သတ်မှတ်ရာ တွင် ရလဒ် ၀ မှ ၅၀ အထိ ကောင်းမွန်သည့် အခြေအနေ (အစိမ်း ရောင်)၊ ၅၁ မှ ၁၀၀ အထိကို အလယ်အလတ်အဆင့် (အဝါရောင်)၊၁၀၁ မှ ၁၅၀ အထိ ထိလွယ်ရှလွယ် သည့် ပုဂ္ဂိုလ်များတွင် သတိထားရမည့်အခြေအနေ (လိမ္မော်ရောင်)၊ ၁၅၁-၂၀၀ အထိ ကျန်းမာရေးနှင့် မညီညွတ်သည့် အခြေအနေ(အနီရောင်)၊ ၂၀၁ မှ ၃၀၀ အ ထိ အလွန်ဆိုးရွားသည့်အဆင့် (ခရမ်းရောင်)၊ ၃၁၀ -၅၀၀ အထိ အန္တရာယ်များသည့်အဆင့် (အနီ ရင့်ရောင်) ဟူ၍ အဆင့်ခြောက် ဆင့်သတ်မှတ်ထားသည်။

7Day

0 comments:

Post a Comment