Monday, June 24, 2019

အိန္ဒိယမှာ ဦးနှောက်ရောင်ရောဂါနဲ့ သေဆုံးတဲ့ ကလေးငယ် ၁၅၂ ယောက်ရှိပြီ


အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှာ ဒီလအတွင်း ဖြစ်ပွားနေတဲ့ ဦးနှောက်ရောင်ရောဂါကြောင့် သေဆုံးသူ ကလေးငယ်အရေအတွက် ၁၅၂ ယောက်ရှိသွားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ 
ဘီဟာပြည်နယ်ရဲ့ ခရိုင် ၃၈ ခုထဲက ခရိုင် ၂၀ မှာ ဖြစ်ပွားနေတာပါ။ အခုတော့ ရောဂါပျံ့နှံ့နှုန်း တန့်သွားပြီလို့ ကျန်းမာရေးအရာရှိတစ်ဦးကပြောပါတယ်။ 

ဇွန်လ ၁ ရက်နေ့ကစလို့ အခုထိ ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူ ၇၀၀ ကျော်ရှိခဲ့ပါတယ်။ 
အိန္ဒိယမှာ မုတ်သုန်ရာသီအတွင်း ဦးနှောက်ရောင်၊ ငှက်ဖျား၊ တိုက်ဖွိုက် နဲ့ ခြင် ကတဆင့် ကူးစက်တဲ့ တခြားရောဂါတွေ ဖြစ်ပွားလေ့ ရှိပါတယ်။ 

Photo: REUTERS 
(အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်က ဆေးရုံတစ်ခုမှာ ဦးနှောက်ရောင်ရောဂါကြောင့် ဆေးရုံတက်နေရတဲ့ ကလေးငယ်တွေကို ၂၀၁၉၊ ဇွန် ၁၉ ရက်နေ့က တွေ့ရစဉ်)
RFA 


0 comments:

Post a Comment