ထိုင်းဒုက္ခသည် စခန်းမှာနေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၃၀၀ ဟာ ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို ပြန်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးက ဆိုပါတယ်။
မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ ဦးဆောင်မှုနဲ့ ထိုင်းဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို သုံးနှစ်အတွင်း လေးကြိမ်မြောက် ပြန်ပို့တာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းကနေ နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လျှောက်လွှာကို လက်ခံရရှိခဲ့ပြီးနောက် မိခင်မြန်မာနိုင်ငံဆီ ပြန်ဖို့ ကူညီပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး ကိုယ်စားလှယ် ဂျိုဟန်စီလ်က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်ဒေသကို ဖြတ်သန်းပြန်လာတဲ့ လူတွေကို မြန်မာအစိုးရ တာဝန်ရှိသူတွေက လက်ခံကြိုဆိုမှာ ဖြစ်ကြောင်း၊ ၄င်းတို့ကို ပြည်နယ် နဲ့ တိုင်း ဒေသကြီး ကိုးခုကို ထပ်မံပို့သွားမှာဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး ကိုယ်စားလှယ်က ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးက ထိုင်းဒုက္ခသည် စခန်းရှိ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်နိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တည်းက ကူညီပံပိုးခဲ့ပြီး လေးကြိမ်အတွင်း မြန်မာနိုင်ငံသား ထောင်ချီ နေရပ်ပြန်နိုင်အောင် ကူညီပေးခဲ့ကြောင်းလည်း သိရပါတယ်။
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသရှိ အခြေနေတွေဟာ တိုးတက်ကောင်းမွန်လာတာကြောင့် ဒုက္ခသည်စခန်းရှိ မြန်မာနိုင်ငံသားတွေဟာ မိခင်နိုင်ငံကို ပြန်ပို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
နေ၀န်း
Isee Media








0 comments:
Post a Comment