မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း သွတ်သွင်းဖို့ အမေရိကန်ကွန်ဂရက် လွှတ်တော်အမတ်တဦးက အဆိုပြုခဲ့ကြောင်း အိန္ဒိယအခြေစိုက် The Economic Times သတင်းက ဖေါ်ပြပါတယ်။
ဇွန်လ ၁၃ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဌာနမှာကျင်းပခဲ့တဲ့ အရှေ့တောင်အာရှရန်ပုံငွေဆိုင်ရာ ကြားနာပွဲမှာ အာရှ ပစိဖိတ်ဆိုင်ရာ ဆပ်ကော်တီ ဥက္ကဋ္ဌ၊ အထက်လွှတ်တော်အမတ် Bradiey Sherman က အဆိုပြုခဲ့တာလို့ သိရပါတယ်။ ဆူဒန်နိုင်ငံကနေ တောင်ဆူဒန်နိုင်ငံအဖြစ် ကွဲထွက်သွားခဲ့တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ထောက်ခံခဲ့တာကို ရည်ညွှန်းပြီး၊ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ နိုင်ငံသား အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ဘာကြောင့် ဆူဒန်မှာလို မလုပ်နိုင်ရမှာလဲ လို့ မေးခွန်းထုတ်ခဲ့ကြောင်းလည်း ဖေါ်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရအတွင်း ပုဂ္ဂိုလ်တချို့က အဲဒီအဆိုဟာ နိုင်ငံတနိုင်ငံရဲ့ နယ်မြေပိုင်စိုးမှုနဲ့ အချုပ်အချာအာဏာကို မလေးမစားပြုလိုက်တာဖြစ်ကြောင်း၊ အခြေအမြစ်ကင်းမဲ့ပြီး၊ ရူးမိုက်တဲ့ စိတ်ကူးဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ကြောင်းလည်း သတင်းမှာဖေါ်ပြပါတယ်။
အထက်လွှတ်တော်အမတ် Sherman ရဲ့ အဆိုအပေါ် သမ္မတ ဒေါ်နယ်ထရမ့် က အကောင်အထည်ဖေါ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ဒေသတွင်းမှာ ကြီးမားတဲ့သက်ရောက်မှုတွေ ပေါ်ပေါက်လာမှာဖြစ်ကြောင်း၊ အိန္ဒိယအနေနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံလုံးနဲ့ ဆက်ဆံရေးကောင်းမွန်ကြောင်း၊ နိုင်ငံတနိုင်ငံရဲ့ အချုအ်အခြာအာဏာကို အကြမ်းဖက်တဲ့လုပ်ရပ်မျိုးကို မထောက်ခံကြောင်း The Economic Times သတင်းက ဖေါ်ပြပါတယ်။
RFA







0 comments:
Post a Comment