Monday, July 1, 2019

ဖုန်းအင်တာနက်လိုင်းများပိတ်​ထားသဖြင့် ​မောင်​​တော​​ဒေသခံပြည်​သူများ အခက်​​ကြုံနေ


ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်နေတဲ့ မြို့နယ်တွေမှာ မဖုန်းအင်တာနက်လိုင်းတွေကို အစိုးရက ယာယီပိတ်​ထားတာကြောင့် ​မောင်​​တော​​ခရိုင်​ထဲမှာ နေထိုင်နေတဲ့ ဒေသခံပြည်​သူတွေ အခက်​​အခဲ တွေ့နေကြပါတယ်။ 
မောင်​​တောခရိုင်​အတွင်း MPT အင်​တာနက်​ဆက်​သွယ်​မှုမှာ ဇွန်​ ၂၀ ရက်​နေ့ မနက်​ပိုင်းက ပြတ်​​တောက်​သွားခဲ့ပြီး Mytel အင်​တာနက်​လိုင်း| တယ်လီ​နောလိုင်းနဲ့ အော်ရီဒူးဖုန်းလိုင်းတို့မှာ ဇွန်​လ ၂၁ ရက်​​နေ့ ည ၁၀ နာရီမှ စပြီး ပြတ်​​တောက်​သွားခဲ့တာပါ​။ 
ဖုန်းအင်​တာနက်​လိုင်းတွေ ရပ်​ဆိုင်းလိုက်​တာကြောင့် အန်ဂျီအိုနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေ၊ ဌာနဆိုင်​ရာတွေနဲ့ လုံခြုံ​ရေးတပ်​ဖွဲ့ဝင်တွေအတွက် နစ်​နာမှုတ​စုံတရာမရှိဘဲ ပြည်​သူတွေ သာ အခက်​အခဲတွေ့​နေရ​တယ်လို့ ​မောင်​​​တောမြို့နယ် ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးလှထွန်း​ကျော်​ က​​ ပြောပါတယ်​။ 
ဘူးသီး​တောင်​မြို့မှာ ​ဆေးဆိုင်​​ဖွင့်လှစ် ရောင်းချသူ ကိုဝင်းဇော်​ကလည်း အင်​တာနက်​ ဖြတ်​ထားတာ​ကြောင့်သူတို့ ​ဆေးဆိုင်​​တွေအတွက် ဆေးမှာယူရာမှာ အလွန်​ ဒုက္ခ​ရောက်​​နေ​တယ် လို့ ပြောပါတယ်။ 
ဆေးကုမ္ပဏီတွေကတဆင့် ဆေးဖြန့်​ချိရေးလုပ်​​ဆောင်​​နေ​တဲ့ ကို​ဇော်​ကလည်း သူအ​နေနဲ့ ​ဆေး​တွေမှာယူဖြန့်​ချိရာမှာ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။ 
အင်တာနက်လိုင်းတွေဖြတ်ထားတာကြောင့် Wave money၊ True money၊ KBZ pay စတဲ့ အွန်လိုင်းငွေကြေး​၀န်​​ဆောင်​မှုလုပ်ငန်းတွေလည်း မောင်တောမြို့မှာ ရပ်တန့်ကုန်ပါတယ်။ 
အေးဂျင့် အဖြစ်​ လုပ်​​ဆောင်​​နေတဲ့​ ​မောင်​​တောမြို့နေ ​ဒေါနုနု​ထွေးက​တော့ “​ငွေလွှဲနိုင်​တဲ့ ​အေးဂျင့်တွေအားလုံးယူထားပါတယ်​။ အခုအင်​တာနက်​ပိတ်​ထားတဲ့အတွက်​ ဘာတ​ခုမှ သုံးမရ​တော့တာ​ကြောင့် အင်​တာနက်​လိုင်းတွေကို အမြန်​ဆုံးဖွင့်ပေး​စေလို​ပါတယ်” လို့ ပြောပါတယ်​။ 
မောင်​​တော၊ ဘူး​သီးတောင်၊ ရ​သေ့​တောင်၊​ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ​ကျောက်​​တော်​၊ ​မြောက်​ဦးနဲ့ ​မြေပုံမြို့နယ်တို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာပါ မိုဘိုင်းအင်တာနက် ဖြတ်တောက်ခံ ထားရတာပါ​။ 
တပ်​မ​တော်​သတင်းမှန်​ပြန်​ကြား​ရေးအဖွဲ့ အတွင်း​ရေးမှူး ဗိုလ်​ချုပ်​​ဇော်​မင်းထွန်းက​တော့ ရခိုင်​ပြည်​နယ်​နဲ့ ချင်းပြည်​နယ်​မှ မြို့ ၉ မြို့မှာ​ အင်​တာနက်​ပိတ်​ထားရတာဟာ လူမျိုး​ရေး အမုန်းပွားနေတာကို တားဆီးနိုင်ဖို့ ဖြစ်တယ်လို့ ပြောထားပါတယ်​။ 

ကျော်လင်းဦး
DVB

0 comments:

Post a Comment