Thursday, July 25, 2019

ရိုဟင်ဂျာဒုက္ခသည် ရန်ပုံငွေကို စုံစမ်းစစ်ဆေး

Image may contain: 2 people, outdoor
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လျာထားတဲ့ ရန်ပုံငွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့အတွက်၊ သက်ဆိုင်ရာ ဘဏ်စာရင်းတွေကို ပိတ်ထားလိုက်ကြောင်း ဗြိတိန်အခြေစိုက် Charity Commission ခေါ် ကူညီရေးအဖွဲ့က ပြောပါတယ်။

အဲဒီ ဒုက္ခသည်တွေအတွက် လျာထားတဲ့ရန်ပုံငွေကို ဒုက္ခသည်အလှူငွေအဖြစ် မှတ်ပုံတင်မထားတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စကို ၂၀၁၈ ခုနှစ် ဧပြီလက စတင်စစ်ဆေးခဲ့တာဖြစ်ပြီး၊ အဖွဲ့ဝင်နှစ်ဦးကို သီးခြားးစစ်ဆေးခဲ့ကြောင်း သ်ရပါတယ်။ အဲဒီရံပုံငွေကို ဥပဒေစည်းမျဉ်းနဲ့အညီ ကောက်ခံခဲ့တာဟုတ်မဟုတ်၊ ရန်ပုံငွေ စီမံခန့်ခွဲတဲ့နေရာမှာ ဥပဒေနဲ့ညီ မညီ၊ သုံးစွဲရာမှာလည်း လှူဒါန်းတဲ့ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာ ဟုတ် မဟုတ် စတဲ့ အချက်တွေ စစ်ဆေးခဲ့တယ်လို့လည်း ဖေါ်ပြပါတယ်။
အဲဒီရန်ပုံငွေကို ၂၀၁၇ ဇွန်လနဲ့ ၂၀၁၈ မတ်လ အတွင်း ကောက်ခံခဲ့တာဖြစ်ပါတယ်။
Photo: MUNIR UZ ZAMAN / AFP
RFA

0 comments:

Post a Comment