Thursday, July 25, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယ သွားရောက်

Image may contain: 3 people, people standing and outdoor
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယတပ်မတော် (ကြည်း၊ရေ၊လေ) ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌနှင့် လေတပ်ဦးစီးချုပ် Air Chief Marshal Birender Singh Dhanoa၏ ဖိတ်ကြားချက်အရ ယမန်နေ့က အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါသွားကြသည်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအ၀င် တပ်မတော် အရာရှိကြီး နှစ်ဦးနဲ့ သူတို့ရဲ့ မိသားစုတွေကို အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
Image may contain: 4 people, people standing

ဧရာဝတီ

0 comments:

Post a Comment