Thursday, July 25, 2019

မြန်မာနိုင်ငံတစ်ဝန်း လူဦးရေ ရှစ်သောင်းနီးပါး ရေဘေးသင့်

ယခုနှစ်မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် တိုင်းဒေသကြီးရှစ်ခုမှ လူဦးရေစုစုပေါင်း ၇၈၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း UNOCHA က သတင်းထုတ်ပြန်သည်။
မိုးများပြီးမြစ်ရေမြင့်တက်ခဲ့ခြင်းကြောင့် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ ဒေသခံများမှာ ရေဘေးဒဏ်ကို ခံစားရလျက်ရှိပြီး၊ လူဦးရေ ၄၃,ဝဝဝ ကျော် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင်လ ၂၃ ရက်နေ့အထိ ရရှိထားသော အချက်အလက်များအရ အဆိုပါ တိုင်းဒေသကြီး သုံးခုရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၃၉ ခုတွင် လူဦးရေ ၄ဝ,ဝဝဝ ကျော် ဆက်လက်ခိုလှုံနေကြရဆဲဖြစ်သော်လည်း၊ အခြားရေဘေးသင့်သော ပြည်နယ်နှင့် တိုင်းဒေသ ကြီးများရှိ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသူ အားလုံးနီးပါးမှာ ၄င်းတို့၏ နေအိမ်များသို့ ပြန်သွားခဲ့ကြပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

The Voice

0 comments:

Post a Comment