Thursday, July 25, 2019

ရန်ကုန်တိုင်းအတွင်း ဓာတ်အားပျောက်ဆုံးမှု ၁၄ ရာခိုင်နှုန်းရှိ

ရန်ကုန်တိုင်းအတွင်းဓာတ်အားပျောက်ဆုံးမှုသည် သုံးစွဲမှုယူနစ်စုစုပေါင်း၏ ၁၄ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။

ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း(YESC) ၏ဇူလိုင် ၂၅ ရက် သတင်းစာ ရှင်းလင်း ထုတ်ပြန်ချက်အရ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တစ်နှစ် တာဓာတ်အားသုံးစွဲမှု ယူနစ် သန်းပေါင်း ၉,၂၃၃ ရှိပြီး ပျောက် ဆုံးသည့်ဓာတ်အားသည် ယူနစ် ၁,၂၈၂ သန်းရှိသည်။
သို့သော် ဘဏ္ဍာရေးနှစ်မှာ လက်ရှိသတ်မှတ်သောပုံစံမဟုတ် ဘဲ ယခင်သတ်မှတ်ခဲ့သည့်ပုံစံ ဟောင်းဖြစ်သော ၂၀၁၈ ဧပြီမှ ၂၀၁၉ ဧပြီအတွင်း ဓာတ်အား ပျောက်ဆုံးမှုဖြစ်သည်။
YESC ၏ ဒါရိုက်တာအဖွဲ့ ၀င်(၄)  ဦးအောင်ကျော်ဦးက ‘‘တစ်နှစ်ထက်တစ်နှစ်တော့ဓာတ် အားပျောက်ဆုံးမှုက လျော့လာ တယ်။ ဒါပေမဲ့ ၁ ရာခိုင်နှုန်း(ယူ နစ်သန်း ၉၀)လောက်ကို မနည်း ရအောင်လုပ်နေရတယ်’’ ဟု ဓာတ်အားပျောက်ဆုံးမှုနှင့်ပတ် သက်၍ ပြောသည်။
ဓာတ်အားပျောက်ဆုံးသည့် အခြေအနေသည် နည်းပညာပိုင်း ချွတ်ယွင်းမှုကြောင့်နှင့်နည်းပညာ ကြောင့်မဟုတ်ဘဲ ပျောက်ဆုံး ခြင်းဟူ၍ နှစ်ပိုင်းရှိသည်။ နည်း ပညာကြောင့်မဟုတ်ဘဲ ဓာတ် အားပျောက်ဆုံးခြင်းတွင် စက်မှု လုပ်ငန်းများ၊ မသမာသူများက လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲ ခြင်းကို တွေ့ရှိရပြီးအရေးယူ ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာနဒုတိယ၀န်ကြီး ဒေါက် တာထွန်းနိုင်က ယခုနှစ်ဇန်န၀ါရီ ၂၂ ရက်၌ ပြည်ထောင်စုလွှတ် တော်တွင် ပြောကြားသည်။
နည်းပညာချွတ်ယွင်းခြင်းအ ပိုင်းအတွက် ဓာတ်အားလိုင်းကြိုး များ ပြင်ဆင်လဲလှယ်ခြင်း၊ မီတာ စနစ်များ ပြင်ဆင်ခြင်းနှင့် ဗို့အား မြင့်ပင်မဓာတ်အားခွဲရုံများ တိုးချဲ့ တည်ဆောက်နေကြောင်း YESC က ဆိုသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်သန်းခွဲခန့်ရှိသည့် ရန်ကုန် တိုင်းဒေသကြီး၏ အိမ်သုံးမီတာ စနစ်များကို လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုမရှိစေရန် နည်း ပညာပိုင်းပြောင်းလဲအသုံးပြုမည် ဖြစ်သည်။
AMI (Advanced Metering Infrastructure)စနစ်သို့ ပြောင်းလဲခြင်းကို ဒေါပုံ၊ ပန်းဘဲ တန်းမြို့နယ်တို့တွင် ပိုင်းလော့ပ ရောဂျက်အနေဖြင့် ဆောင်ရွက်ခဲ့ ရာ၌ ဓာတ်အားပျောက်ဆုံးမှုကို လျှော့ချနိုင်ခဲ့သည်ဟု YESCထုတ်ပြန်ချက်၌ ဖော်ပြသည်။
မကြာမီ တောင်ဥက္ကလာပ မြို့နယ်တွင် AMI စနစ်ကို အသုံး ပြုမည်ဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ် ၌ မြို့နယ်လေးခုတွင် ဆက်လက် အကောင်အထည်ဖော်ရန် YESC က စီစဉ်နေသည်။
7Day

0 comments:

Post a Comment