Thursday, July 25, 2019

စစ်ဆေးပေါ်ပေါက်ချက်များအပေါ် မူတည်၍ ဆရာမနှင်းနုကို နောက်တိုးတရားခံအဖြစ်လျှောက်ထားရန် ဆောင်ရွက်မည်ဟု အောင်ကြီး၏ ရှေ့နေပြော

ဗစ်တိုးရီးယား အ မှုတွင် နောက်တိုးတရားခံအဖြစ် ဆရာမနှင်းနုကို တရားလိုဘက်က လျှောက်ထားမှု စောင့်ကြည့်နေပြီး စစ်ဆေးပေါ်ပေါက်ချက်များပေါ် မူတည်ပြီး ဆရာမနှင်းနုကို နောက်တိုးတရားခံအဖြစ် လျှောက်ထားရန် ဆောင်ရွက်မည်ဟု သံသယတရားခံ အောင်ကြီး၏ တရား လွှတ်တော်ရှေ့နေ ဦးခင်မောင် ဇော်က ပြောသည်။ 

တရားလို ဗစ်တိုးရီးယားမိ ခင်နှင့် တရားလိုပြသက်သေ ဆရာမနှင်းနုကို စစ်ဆေးပေါ်ပေါက် ချက်အပေါ် မူတည်၍ နောက်တိုး တရားခံလျှောက်ထားရန် ရှိ၊ မရှိ ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 
‘‘စစ်ဆေးတဲ့အခါ ဘယ် လောက်အထိ ထင်ရှားပေါ်ပေါက် မလဲ၊ပေါ်ပေါက်ရင် ပေါ်ပေါက်တဲ့ အလျောက် လုပ်မှာပေါ့’’ဟု ဦးခင် မောင်ဇော်က 7Day Daily သတင်း စာအား ဇူလိုင် ၂၅ ရက်က ပြော သည်။ 
သံသယတရားခံရှေ့နေက နောက်တိုး သံသယတရားခံ လျှောက်ထားရန် တိုက်ရိုက်အခွင့် အရေးရှိသော်လည်း လုပ်ဆောင် မည့်အချိန်ကာလကို မပြောနိုင် သေးကြောင်း ၎င်းက ဆက်လက် ပြောသည်။ 
‘‘လျှောက်ပြီးတော့မှ မရ လည်း မကောင်းဘူးလေ။ ခိုင်မှ ပေါ့။ ဒီအမှုမှာ ပတ်သက်နေပြီဆို တာကို ခိုင်သထက်ခိုင်အောင် ထူ ထောင်ရမှာကိုး’’ဟု ဦးခင်မောင် ဇော်က ပြောသည်။ 
ဇူလိုင် ၂၄ ရက်ရုံးချိန်းတွင် ဗစ်တိုးရီးယားမိခင်က ဆရာမ နှင်းနုကို သတင်းပေးပို့ရန် ပျက် ကွက်မှုဖြင့် နောက်တိုးတရားခံအ ဖြစ် သတ်မှတ်ရန် တရားရုံးသို့ ဦး တိုက်လျှောက်ထားသည်။ ထိုသို့ လျှောက်ထားမှုကို တရားသူကြီး က လုပ်ထုံးလုပ်နည်းအတိုင်း ဥပ ဒေအရာရှိထံမှ တစ်ဆင့် တင်သွင်း ရန် ပြောကြား၍ ယင်းလျှောက် ထားလွှာကို ဥပဒေအရာရှိထံ တရားခွင်မှာပင် ပေးအပ်ခဲ့သည်။ 
‘‘သံသယတရားခံဘက်က တင်တာ အားမကောင်းဘူးလေ။ အဲသလိုတင်ရင် ဥပဒေအရ တရားရုံးက ကန့်ကွက်တာပဲ။ များသော အားဖြင့် တရားလိုဘက်က တင် ရင် တရားခံဘက်က ကန့်ကွက် တယ်။ တရားခံဘက်က တင်ရင် တရားလိုဘက်က ကန့်ကွက် တယ်။ ဒါက လုပ်ထုံးလုပ်နည်းလို ဖြစ်နေပြီ။ အခုထူးခြားတာက တရားလိုဘက်က တင်တာကို စွပ်စွဲခံရသူဘက်က မကန့်ကွက် ဘူးဆိုတဲ့ အခါကျတော့ အား ကောင်းတာပေါ့’’ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်သည်။ 
အကယ်၍ ဥပဒေအရာရှိက တရားလိုပြလျှောက်ထားချက်ကို တရားရုံးသို့ မတင်ပြပါက စွပ်စွဲ ခံရသူ အောင်ကြီး၏ရှေ့နေက ပေါ်ပေါက်ချက်အရ နောက်တိုး တရားခံအဖြစ် ထည့်ပေးရန် တင်ပြလာမှုကို ကန့်ကွက်မှုရှိသော် လည်း တရားခံက ထည့်ပေးရ ကြောင်း ဦးကြီးမြင့်က ရှင်းပြ သည်။ 
တရားလို ဗစ်တိုးရီးယား မိခင်လျှောက်ထားချက်ကို ဥပဒေ အရာရှိအနေဖြင့် တရားရုံးသို့ တင်သွင်းမည်၊ မတင်သွင်းမည်ကိုမူ မသိရသေးပေ။ 
နောက်တိုးတရားခံအဖြစ် သတ်မှတ်ရန် လျှောက်ထားခြင်း ခံထားရသည့်  ဆရာမနှင်းနုနှင့် Wisdom Hill မူကြိုကျောင်းအုပ် ထံ ယမန်နေ့က ဆက်သွယ်ရန် ကြိုးစားသော်လည်း မရခဲ့ပေ။ 

7Day

0 comments:

Post a Comment