ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပြီး ဘုံသဘောတူညီမှုရှိအောင်ကြိုးပမ်းဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က ပြောသည်။
''ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက အုပ်ချုပ်ရေးပိုင်းက စီစဉ်နေတာဖြစ်တဲ့အတွက် အသေးစိတ်တော့ကျွန်တော်တို့ မသိပါဘူး။ကျွန်တော်တို့ မူအရတော့ ကျွန်တော်တို့ ရဲ့ညီနောင်သားချင်းတွေဖြစ်တဲ့တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ အားလုံး ဘုံသဘောတူညီမှုတစ်ခုရအောင် တစ်ဆင့်ခြင်းတက်သွားမယ် ။ဒီလိုမူချထားပါတယ်''ဟု ဦးမျိုးညွန့်ကပြောသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ပြီးခဲ့သည့် တတိယအကြိမ် ပင်လုံ ညီလာခံအပြီးမှစတင်ကာ ယနေ့ အထိ ကျင်းပနိုင်ခြင်းမရှိပဲ အကျပ်အတည်းများ နှင့်ရင်ဆိုင်နေရပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများလည်းရပ်တန့် နေကြောင်းသိရသည်။
၂၀၁၉နှစ်ဦးပိုင်းတွင် ပြန်လည်စတင်နိုင်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ထားသော်လည်းအကြောင်းအမျိုးမျိုးကြောင့်နှောင့်နှေးကြန့့် ကြာနေကြောင်းသိရသည်။
သို့သော် ၄င်းစစ်ဒဏ်ကိုမူ တိုင်းရင်းသားပြည်သူများအနေဖြင့် ယနေ့အချိန်အထိခံစားနေရဆဲဖြစ်သည်။
ယင်းသို့နှစ်ပေါင်း ၇၀ ကျော်တိုင်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့်တပ်မတော်တို့ကြား ရန်ငြိုး၊ရန်စကြီးမားလျှက်ရှိနေခြင်းကိုဖြေလျော့ရန်လိုအပ်ပြီး စားပွဲဝိုင်းဆွေးနွေးမှုများမှတဆင့်ဖြေလျော့ရန်လိုအပ်ကြောင်းနှင့် ထိုသို့မကြီုးစားနိုင်ပါက ပဋိပက္ခစစ်မြေပြင်သို့ပြန်လည်ရောက်ရှိနိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ဆိုသည်။
''ကျွန်တော်တို့ တိုင်းပြည်က နှစ်ပေါင်း ၇၀ ဖြတ်ခဲ့တဲ့တိုင်းပြည်ဖြစ်သလို သံသယစိတ်တွေဟာလည်း အင်မတန်ကြီးမားပါတယ်။ ရန်ငြိုးရန်စ စိတ်တွေလည်း အင်မတန်ကြီးမားတယ် ။ဒါတွေကို ကျွန်တော်တို့  ဖြေလျော့နိုင်ဖို့ လိုတယ် ။စားပွဲဝိုင်းဆွေးနွေးမှုတွေကတစ်ဆင့်ဖြေလျော့ဖို့ မကြိုးစားနိုင်ရင် ပဋိပက္ခစစ်မြေပြင်ကိုပဲပြန်ရောက်သွားနိုင်ပါတယ်''ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကပြောသည်။
ကိုလင်း
Isee Media







0 comments:
Post a Comment