ကမ္ဘာ့ရေနံဈေး တစ်စည် ၅၉ ဒေါ်လာဖြင့် အမြင့်ပိုင်းတွင် ရှိနေပြီး သုံးပတ်ဝန်းကျင်အတွင်း ၁၄ ရာခိုင်နှုန်း ပြန်တက်လာခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးများ ၁၀ ရက်အတွင်း သုံးရာခိုင်နှုန်းဝန်းကျင် ပြန်လည် မြင့်တက်ခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော ဈေးနှုန်းများအရ သိရသည်။
ကမ္ဘာ့ ရေနံဈေးသည် ဧပြီ ၂၃ ရက်တွင် တစ်စည် ၆၆ ဒေါ်လာဝန်းကျင်အထိမြင့်တက် ခဲ့ပြီးနောက် မေ ၂၈ ရက်တွင် ၅၉ ဒေါ်လာ ဝန်းကျင်၊ ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာဝန်း ကျင်အထိ ပြန်ကျခဲ့သည်။ ထို့နောက် ဇွန် လလယ်မှစတင်ကာ ကမ္ဘာ့ရေနံဈေး ပြန်လည် မြင့်တက်လာပြီး ဇူလိုင် ၁ ရက်တွင် တစ် စည် ၅၉ ဒေါ်လာအထိ ရောက်ရှိခဲ့ကာ သုံးပတ်ဝန်းကျင်အတွင်း ၁၄ ရာခိုင်နှုန်းမြင့် တက်ခဲ့သည်။
ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းသည် ဇန်နဝါရီလဆန်းမှ မေလကုန်ပိုင်းအထိ ခြောက်လနီးပါးအတွင်း တစ်လီတာ ကျပ် ၁၆၀ မှ ၂၅၅ ကျပ်အထိ ဆက်တိုက်မြင့်တက် ခဲ့ပြီး စက်သုံးဆီအမျိုးအစား အလိုက် ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့သည်။ ထို့နောက် ကမ္ဘာ့ရေနံဈေး ကျဆင်းမှုကြောင့် မေ ၃၀ ရက်မှ ဇွန် ၂၁ ရက် အတွင် စက်သုံးအမျိုးအစားအလိုက် ၁၁ ရာ ခိုင်ကျော်မှ ၁၄ ရာခိုင်နှုန်းကျော်အထိ ပြန်လည် ကျဆင်းခဲ့ပြီး ဇွန် ၂၁ ရက်မှစတင်ကာ စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက် ခဲ့ခြင်းဖြစ်သည်။
ဇူလိုင်၂ ရက်တွင် ပြည်တွင်းစက်သုံးဆီ ဆိုင်အချို့တွင် ရောင်းချနေသောဈေးနှုန်း မှာ ဒီဇယ် တစ်လီတာ ၉၂၅ ကျပ် (တစ်ဂါလန် ၄၂၀၅ ကျပ်)၊ ပရီမီယံဒီဇယ်တစ်လီတာ ၉၃၅ ကျပ် (တစ်ဂါလန် ၄၂၅ဝကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၈၁၅ ကျပ် (တစ်ဂါလန် ၃၇၀၅ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၉၀၅ ကျပ် (တစ်ဂါလန် ၄၁၁၄ ကျပ်) ဖြစ်သည်။ ပြီးခဲ့သည့် ဇွန် ၂၁ ရက်တွင်ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တစ်လီတာ ကျပ် ၃၀ နှုန်း ပြန်လည် မြင့်တက်ခြင်းဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ၁၀ ရက်အတွင်း ဒီဇယ်ဆီ ၂ ဒသမ ၉၇ ရာခိုင် နှုန်း၊ ပရီမီယံဒီဇယ် ၂ ဒသမ ၉၄ ရာခိုင်နှုန်း၊ 92 Ron ၃ ဒသမ ၆၈ ရာခိုင်နှုန်း၊ 95 Ron ၃ ဒသမ ၀၄ ရာခိုင်နှုန်း ပြန်လည်မြင့်တက် လာခြင်းဖြစ်သည်။
ကမ္ဘာ့ရေနံဈေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက်ခဲ့သည်။ ဇန်နဝါရီ ၂၁ ရက်တွင် ၅၄ ဒေါ်လာဝန်းကျင်၊ ဇန်နဝါရီ ၂၉ ရက်တွင် ၅၂ ဒေါ်လာ၊ မတ် ၂၀ ရက်တွင် ဒေါ်လာ ၆၀၊ ဧပြီ ၁၆ ရက် တွင် ၆၄ ဒေါ်လာ၊ ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက် တွင် ၅၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁ ရက်တွင် ၅၉ ဒေါ်လာအထိ ပြန်လည် မြင့်တက်ခဲ့သည်။
ဒေါ်လာဈေးနှင့် ကမ္ဘာ့ရေနံဈေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း ၂၁ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင်ဈေးနှုန်းများ အနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိဖြစ်ပေါ်ခဲ့သည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင်ဈေးနှုန်းနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့်ဆုံးဈေးနှုန်းအဖြစ် ဒီဇယ်တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီယံဒီ ဇယ်တစ်လီတာ ကျပ် ၈၅၅ (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၇၀ ကျပ် (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၇၃၀ ကျပ် (တစ်ဂါ လန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့သည်။
ဇွန် ၂၁ ရက်မှ ဇူလိုင် ၂ ရက်အတွင်း ကျပ် ၃၀ ပြန်လည်မြင့်တက်ခဲ့သည်။
Eleven Media Group







0 comments:
Post a Comment