မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ဇူလိုင်(၃)ရက်က နေပြည်တော် MICC 2 မှာပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားခဲ့ပါတယ်။
အမျိုးသမီးတွေ အမျိုးသားတွေ အဖွဲ့အစည်းတွေအားလုံး ရန်သူသဖွယ်မဟုတ်ပဲ မိတ်ဆွေတွေလို စည်းစည်းလုံးလုံး လက်တွဲလုပ်ဆောင်ကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကား မှာတိုက်တွန်းပြောကြားခဲ့ပါတယ်။
အခမ်းအနားဒုတိယပိုင်းမှာတော့ အမျိုးသမီးနဲ့မီဒီယာ၊ သက်ဆိုင်ရာအလိုက် ကဏ္ဍတွေမှာ ကျား/မ ရေးရာထည့်သွင်းဆောင်ရွက်တာ၊ အမျိုးသမီးနဲ့ ရာသီဥတုပြောင်းလဲမှု စတာတွေကို ကဏ္ဍအလိုက်ဆွေးနွေးခဲ့ပါတယ်။
သတင်း-ကေသွယ်စန်း
One News Myanmar





No comments:
Post a Comment