အသက်(၉)နှစ်အရွယ်ကလေးငယ် မ --- အား ဆိုင်ကယ်ဖြင့်တင်ဆောင်၍ ၁ ရက်ကြာခိုးယူကာ သားမယားအဖြစ်ပြုကျင့်မှုတခု ဇူလိုင် ၁ ရက်နေ့က ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မန္တလေးမြို့ ၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်တိုက်နယ်၊ ကတ္တီပါကျေးရွာမူလတန်းကျောင်း၌ ပညာသင်ကြားလျက်ရှိသော မ --- အား ကျောက်ချောကျေးရွာ ပုသိပ်ကြီးမြို့နယ်နေသူ အောင်အောင် (၂၇) ဆိုသူက ဇူလိုင် ၁ ရက်နေ့ ကျောင်းဆင်းချိန်တွင် ဆိုင်ကယ်ဖြင့်ခေါ်ဆောင်သွားကြောင်း၊ မဟာအောင်မြေမြို့နယ် ၂၂ လမ်းပေါ်သို့ခေါ်ဆောင်သွားပြီး ၎င်း၏ မွေးစားအဖေဖြစ်သူထံမှ ငွေကျပ် (၂)သောင်းကျပ် တောင်းခံရန် စောင့်ဆိုင်းခဲ့ကြောင်း၊ မ --- က အိမ်ပြန်ပို့ပေးရန်ပြောသည့်အခါ အောင်အောင်က ဆိုင်ကယ်ဆီမရှိခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များရှိနေခြင်းတို့ကြောင့် မနက်မှ ပြန်ပို့ပေးမည်ဟုဆိုကာ ည ၈ နာရီအချိန်ခန့်တွင် ပိတ်ထားသည့် လမ်းဘေးထမင်းဆိုင်တွင် ညအိပ်ခဲ့ပြီး မ --- အား သားမယားပြုကျင့်ခဲ့ကြောင်း၊ ဇူလိုင် ၂ ရက်နေ့ နံနက် ၅း၃၀ အချိန် တရားခံအောင်အောင်မှ မ --- အား ဆိုင်ကယ်ဖြင့်အိမ်ပြန်လည်ပို့ဆောင်စဉ် အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာအနီး ကားလမ်းမပေါ်တွင် မ --- အား လိုက်လံရှာဖွေနေသူများနှင့်တွေ့ကာ မြို့နယ် အမျိုးသမီးရေးရာမှတာဝန်ရှိသူများ၊ စံရွေးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်များပါဝင်သည့် အဖွဲ့က အောင်အောင်အား အမရပူရ မြို့မရဲစခန်းသို့ အပ်နှံခဲ့ခြင်းဖြစ်ကြောင်း၊ မ --- အား အမရပူရမြို့နယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးစစ်မှု ခံယူစေကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
“တရားခံ အောင်အောင်ဟာ ကျပန်းအလုပ်သမားတဦးဖြစ်ကာ အရမပူရမြို့နယ် ရွှေကြက်ယက် ဆီဆိပ်ကမ်းမှာ နေ့စားအလုပ်သမားအဖြစ် လွန်ခဲ့သည့် ၂ နှစ်ခန့်က ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်တယ်။ မ --- ရဲ့ မိခင်ဖြစ်သူဆီမှာ ထမင်းကိုလပေးနဲ့စားရင်းနဲ့ ရင်နှီးလာခဲ့သူတယောက်ဖြစ်တာကြောင့် မ --- က ကျောင်းဆင်းချိန်လာခေါ်တာကို လိုက်ပါသွားတာမှာ အခုလိုဖြစ်ခဲ့တာ”ဟု အမရပူရမြို့မစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်အောင်အား (ပ)၄၈၁/၂၀၁၉ ရာဇာသတ်ကြီးဥပဒေ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်အရေးထားကြောင်း သိရသည်။
စိုင်းထူးခန့်
News Watch







0 comments:
Post a Comment