Tuesday, August 6, 2019

အင်ဒို-ပစိတ်ဖိတ်ဒေသကို မတည်မငြိမ်ဖြစ်စေသည့် တရုတ်နိုင်ငံ၏ အပြုအမှုကို အမေရိကန် ဆန့်ကျင်

Image may contain: one or more people, crowd, sky and outdoor
အင်ဒို-ပစိဖိတ်ဒေသကို မတည်မငြိမ်ဖြစ်စေတဲ့ တရုတ်နိုင်ငံရဲ့အပြုအမှုတွေကို အမေရိကန်အစိုးရအနေနဲ့ ဆန့်ကျင် တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Mark Esper က အခုလ(၄)ရက်က ပြောပါတယ်။ နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ တဖြည်းဖြည်းအရှိန်မြင့်လာချိန်မှာ မစ္စတာ Mark Esper က အခုလို ပြောကြားလိုက်တာပါ။ 
တရုတ်နိုင်ငံဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုလွန်ကဲနေပြီး အထူးသဖြင့် စွမ်းအင်သယံဇာတကြွယ်ဝတဲ့ တောင်တရုတ်ပင် လယ်မှာ တရုတ်ရဲ့သြဇာလွှမ်းမိုးမှု ပိုများလာနေတာကြောင့် ဒေသတွင်းစိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ အမေရိကန်နိုင်ငံ ကတော့ တရုတ်စစ်တပ်ရဲ့လွှမ်းမိုးမှုကို ယှဉ်ပြိုင်နေသလို၊ တရုတ်ကိုဆန့်ကျင်တဲ့ အခြားနိုင်ငံ တွေနဲ့လည်း ဆက်ဆံရေး ခိုင်မာအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုကလည်း လွတ်လပ်စွာကုန်သွယ်ရေးကို အဟန့်အတားဖြစ်စေပြီး ဒေသတွင်းသြဇာအာဏာကြီးမားအောင် လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံရဲ့နှစ်ပေါင်းများစွာ ဆိုးရွားတဲ့အမူအကျင့်တွေကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ အရှေ့တောင်အာရှဖိုရမ်မှာလည်း တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးစစ်အရှိန်မြင့်နေတဲ့ကိစ္စကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 
ဥရောပ နဲ့ အာရှ မဟာမိတ်နိုင်ငံတွေကလိုလိုလားလားမရှိပေမယ့်လည်း အမေရိကန်နိုင်ငံအနေနဲ့ ပင်လယ်ကွေ့ မှာ ရေကြောင်းညွှန့်ပေါင်းအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိတယ်လို့လည်း မစ္စတာ ပွမ်ပီယိုက အခုလ (၄)ရက်က ထပ်လောင်းပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Image may contain: 1 person, suit and stripes

ဘာသာပြန် - စုစံစိုး

0 comments:

Post a Comment