ရှမ်းပြည်နယ်ရှိတိုင်းရင်းသားနိုင်ငံရေးပါတီ ၁၂ ခု ပါဝင်သော ရှမ်းပြည်တိုင်းရင်းသား နိုင်ငံရေးပါတီများ အဖွဲ့ချုပ် (LSSEP) အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးမှုအရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) အပါအဝင် ရှမ်းပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ ၁၂ ခုသည် လာမည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေများခွဲဝေသတ်မှတ် ယှဉ်ပြိုင်ရန် သဘောတူညီထားကြောင်း သိရသည်။
လက်ရှိတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်မရခဲ့သော နိုင်ငံရေးပါတီများသည် လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးရေး လုပ်ငန်းစဉ်များ၌ ပါဝင်ဆွေးနွေးခွင့်မရသော အတွေ့အကြုံအရ လာမည့်ရွေးကောက်ပွဲတွင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပါတီများ အနိုင်ရစေရန် ယခုကဲ့သို့ ညှိနှိုင်းသဘောတူခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၆ က စတင်ဖွဲ့စည်းခဲ့သော ရှမ်းပြည်တိုင်းရင်းသားနိုင်ငံရေးပါတီများအဖွဲ့ချုပ် (LSSEP) တွင် ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ၊ ကိုးကန့်ဒီမိုက ရေစီနှင့် ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ တအာင်း (ပလောင်)အမျိုးသားပါတီ၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီ၊ ဖက်ဒရယ် ပြည်ထောင်စုပါတီ၊ ပြည်ထောင် စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီ (ဒူးလေးပါတီ) စသည့် ပါတီများ ပါဝင်သည်။
သို့သော် ရှမ်းပြည်နယ်အတွင်း အဓိကအင်အားကြီးပါတီ ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ပါဝင်ခြင်းမရှိပေ။ ရွေးကောက်ပွဲအတွက် ညှိနှိုင်းဆွေးနွေးနိုင်ရန် ပြည်နယ်အခြေစိုက် ပါတီအား လုံးကို ဖိတ်ကြားသော်လည်း ငါးပါတီက တက်ရောက်ခြင်းမရှိ၍ ဆက်လက်ဖိတ်ကြားခြင်း မပြုကြောင်း သိရသည်။
ပြည်နယ်အခြေစိုက်ပါတီ များကြားရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုယူနိုင်ခြင်းကြောင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်နယ်အတွင်း တိုင်းရင်းသားပါတီများ အနိုင်ရနေရာ ယခင် ထက် ပိုမိုများပြားလာမည်ဟု မျှော်လင့်ကြောင်း ရှမ်းပြည်တိုင်းရင်းသား နိုင်ငံရေးပါတီများအဖွဲ့ချုပ် ဝင်ပါတီများက မျှော်လင့်နေကြသည်။
လက်ရှိ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ် ၁၆၃ ခု၌ ပြည်ခိုင်ဖြိုး ပါတီကိုယ်စားလှယ် ၅၀ ကျော် အနိုင်ရကာ ပြည်နယ်လွှတ်တော် ကို လွှမ်းမိုးနိုင်ခဲ့သည်။ NLDက ၃၈ နေရာ အနိုင်ရကာ တိုင်းရင်းသားပါတီများက ၇၂ နေရာ နိုင် သော်လည်း ပြည်နယ်လွှတ်တော် ကို လွှမ်းမိုးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
<<Zawgyi>>
ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၂ ခုမှ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ခွဲဝေယှဉ်ပြိုင်ရန် သဘောတူ
Tuesday , October 22 , 2019

0 comments:
Post a Comment