Tuesday, October 22, 2019

မဘိမ်းမြို့၌ မသင်္ကာဖွယ်လူတစ်ဦးထံမှ စိတ်ကြွဆေးပြား ၁၂၅၀၀ ပြားနှင့် ဘိန်းဖြူ ၁၅၀ ဂရမ် သိမ်းဆည်းရမိ

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ မနက် ၉ နာရီတွင် နယ်မြေလုံခြုံရေးတာဝန်ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မဘိမ်းမြို့၊ ကုန်းခါးရပ်ကွက်၊ ဒေသအခေါ်အင်ချောင်းအနီးတဝိုက်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် မသင်္ကာဖွယ်တွေ့ရှိသည့် ယောဂီ(ခ)ယောလှ(၄၀)နှစ်အား စစ်ဆေးရှာဖွေရာ ၎င်း၏ဘေးတွင်ချထားသော ပီနံအိတ်အတွင်းမှ WY စိတ်ကြွဆေးပြား ၁၂၅၀၀ ပြားနှင့်ဘိန်းဖြူ ဆပ်ပြာခွက် ၁၅ ခွက် ၁၅၀ ဂရမ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးမှ သိရှိရသည်။

အဆိုပါ ယောဂီ(ခ)ယောလှအား မဘိမ်းမြို့မရဲစခန်း မယ(ပ)၈၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
<<zawgyi>>
မဘိမ်းမြို့၌ မသင်္ကာဖွယ်လူတစ်ဦးထံမှ စိတ်ကြွဆေးပြား ၁၂၅၀၀ ပြားနှင့် ဘိန်းဖြူ ၁၅၀ ဂရမ် သိမ်းဆည်းရမိ
Tuesday, OCtober 22, 2019

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ မနက် ၉ နာရီတွင် နယ်မြေလုံခြုံရေးတာဝန်ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မဘိမ်းမြို့၊ ကုန်းခါးရပ်ကွက်၊ ဒေသအခေါ်အင်ချောင်းအနီးတဝိုက်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် မသင်္ကာဖွယ်တွေ့ရှိသည့် ယောဂီ(ခ)ယောလှ(၄၀)နှစ်အား စစ်ဆေးရှာဖွေရာ ၎င်း၏ဘေးတွင်ချထားသော ပီနံအိတ်အတွင်းမှ WY စိတ်ကြွဆေးပြား ၁၂၅၀၀ ပြားနှင့်ဘိန်းဖြူ ဆပ်ပြာခွက် ၁၅ ခွက် ၁၅၀ ဂရမ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးမှ သိရှိရသည်။
အဆိုပါ ယောဂီ(ခ)ယောလှအား မဘိမ်းမြို့မရဲစခန်း မယ(ပ)၈၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment