Tuesday, October 22, 2019

ဒေါ်ဥမ္မာလှိုင်မှ သားနှစ်ယောက်ကို သက်သေအဖြစ် ပယ်ဖျက်ပေးရန် လျှောက်ထားမှုအား ဗစ်တိုးရီးယားမိခင် ဖြစ်သူမှကန့်ကွက်ကြောင်း လျှောက်လွှာတင်သွင်း

Image may contain: 2 people, people sitting

Wisdom Hill ကျောင်း၏ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်၏ သားနှစ်ယောက်ကို ဗစ်တိုးရီးယား၏ အမှုတွင် တရားလိုပြသက်သေ အဖြစ်ပါဝင်နေမှုနှင့်ပတ်သက်ပြီး ကျန်းမားရေးအခြေအနေအရ သက်သေအဖြစ်မှ ပယ်ဖျက်ပေးရန် မိခင်ဖြစ်သူက ဒက္ခိဏသီရိခရိုင်ဥပဒေရုံးသို့ လျှောက်ထားကြောင်းကို အောက်တိုဘာလ ၂၁ ရက်နေ့က အောင်ကြီး၏ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်ကို တရားစွဲထားသည့် အမှုရုံးချိန်းတွင် ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်ဥမ္မာလှိုင်၏သားနှစ်ယောက်အား တရားလိုပြ သက်သေအဖြစ်မှပယ်ဖျက်ပေးရန် လျှောက်ထားထွက်ဆိုခဲ့မှု အပေါ် ဗစ်တိုးရီးယား၏ မိခင်ဖြစ်သူမှ ကန့်ကွက်ကြောက်း လျှောက်လွှာတင်ခဲ့ကြောင်း ယင်းအမှုတွင် ကူညီဆောင်ရွက်ပေးနေသည့် သက္ကမိုးညိုအကောင့်ပိုင်ရှင်ဖြစ် ဒေါက်တာဝင်းကိုကိုသိန်းကပြောသည်။
ဗစ်တိုးလေးယားမိခင်၏ လျှောက်လွှာ တင်သွင်းမှု အပေါ် ခရိုင်ဥပဒေအရာရှိနှင့် တိုက်ရိုက်မတွေ့ခဲ့ရသည့် အတွက် မသိခဲ့ရကြောင်း ၎င်း ကပြောသည်။
ဗစ်တိုးရီးယားလေး အမှုတွင် တရားလိုပြ သက်သေ ၂၇ ဦးကို ဒက္ခိသီရိခရိုင်တရားရုံးတွင် တင်သွင်းထားပြီး အဆိုပါသက်သသေ ၂၇ ဦးကို ဒီဇင်ဘာလ တွင် အပြီးပြတ်စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗစ်တိုးရီးယား၏ အမှု ၉ ကြိမ်မြောက်ရုံးချိန်းကိုတော့ ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းနေ့တွင် ကျောင်းမှ ဆရာမနှစ်ဦးနှင့် CCTV မှတ်တမ်းတာဝန်ခံ ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
Image may contain: one or more people and text
Image may contain: 1 person, closeup
<zawgyi>
ဒေါ်ဥမ္မာလှိုင်မှ သားနှစ်ယောက်ကို သက်သေအဖြစ် ပယ်ဖျက်ပေးရန် လျှောက်ထားမှုအား ဗစ်တိုးရီးယားမိခင် ဖြစ်သူမှကန့်ကွက်ကြောင်း လျှောက်လွှာတင်သွင်း
Wednesday , October 23 , 2019

Wisdom Hill ကျောင်း၏ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်၏ သားနှစ်ယောက်ကို ဗစ်တိုးရီးယား၏ အမှုတွင် တရားလိုပြသက်သေ အဖြစ်ပါဝင်နေမှုနှင့်ပတ်သက်ပြီး ကျန်းမားရေးအခြေအနေအရ သက်သေအဖြစ်မှ ပယ်ဖျက်ပေးရန် မိခင်ဖြစ်သူက ဒက္ခိဏသီရိခရိုင်ဥပဒေရုံးသို့ လျှောက်ထားကြောင်းကို အောက်တိုဘာလ ၂၁ ရက်နေ့က အောင်ကြီး၏ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်ကို တရားစွဲထားသည့် အမှုရုံးချိန်းတွင် ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
ဒေါ်ဥမ္မာလှိုင်၏သားနှစ်ယောက်အား တရားလိုပြ သက်သေအဖြစ်မှပယ်ဖျက်ပေးရန် လျှောက်ထားထွက်ဆိုခဲ့မှု အပေါ် ဗစ်တိုးရီးယား၏ မိခင်ဖြစ်သူမှ ကန့်ကွက်ကြောက်း လျှောက်လွှာတင်ခဲ့ကြောင်း ယင်းအမှုတွင် ကူညီဆောင်ရွက်ပေးနေသည့် သက္ကမိုးညိုအကောင့်ပိုင်ရှင်ဖြစ် ဒေါက်တာဝင်းကိုကိုသိန်းကပြောသည်။
ဗစ်တိုးလေးယားမိခင်၏ လျှောက်လွှာ တင်သွင်းမှု အပေါ် ခရိုင်ဥပဒေအရာရှိနှင့် တိုက်ရိုက်မတွေ့ခဲ့ရသည့် အတွက် မသိခဲ့ရကြောင်း ၎င်း ကပြောသည်။
ဗစ်တိုးရီးယားလေး အမှုတွင် တရားလိုပြ သက်သေ ၂၇ ဦးကို ဒက္ခိသီရိခရိုင်တရားရုံးတွင် တင်သွင်းထားပြီး အဆိုပါသက်သသေ ၂၇ ဦးကို ဒီဇင်ဘာလ တွင် အပြီးပြတ်စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗစ်တိုးရီးယား၏ အမှု ၉ ကြိမ်မြောက်ရုံးချိန်းကိုတော့ ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းနေ့တွင် ကျောင်းမှ ဆရာမနှစ်ဦးနှင့် CCTV မှတ်တမ်းတာဝန်ခံ ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
#WisdomHill #justice_for_victoria #Myanmar_Online_News

0 comments:

Post a Comment