ယခုနှစ် အောက်တိုဘာလ ဒုတိယပတ်အထိ သီရိလင်္ကာနိုင်ငံတစ်ဝန်းတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် လူပေါင်း ၅၅၀ဝ၀ မှာ သွေးလွန်တုပ်ကွေးရောဂါ ခံစားနေရပြီး ၇၄ ဦးသေဆုံးခဲ့ကြောင်း ကူးစက်ရောဂါကာကွယ်ရေးဌာန၏ ပြောကြားချက်ကို အစိုးရသတင်းအချက်အလက်ဌာနက အောက်တိုဘာ ၂၁ ရက်တွင် ကိုးကားဖော်ပြထားကြောင်း ဆင်ဟွာသတင်းတစ်ရပ်က ဖော်ပြထားသည်။
အောက်တိုဘာ ၁၈ ရက်တိုင်အောင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၅၈၉၄ ဦး ရှိခဲ့ကြောင်း၊ ယင်းမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၁၈၅၄ ဦး၊ ကိုလံဘိုဆင်ခြေဖုံးဒေသဖြစ်သည့် ဂမ်ပါဟာတွင် ၈၉၇၆ ဦး၊ အခြားသော ကိုလံဘိုဆင်ခြေဖုံးဒေသဖြစ်သည့် ကာလူတာရာတွင် ၅၄၅၆ ဦး ရှိခဲ့ကြောင်း သိရသည်။
သီရိလင်္ကာတောင်ပိုင်းရှိ ရက်နာပူနှင့် ကာလူတာရာ၊ ဂယ်လီ၊ ဂမ်ပါဟာ၊ ကိုလံဘို တို့ကို သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အမြင့်ဆုံးခရိုင် ငါးခုအဖြစ် သတ်မှတ်ထားသည်။ ပြီးခဲ့သည့်နှစ်က သွေးလွန်တုပ်ကွေးရောဂါကြောင့် စုစုပေါင်း သေဆုံးသူ ၅၈ ဦးရှိခဲ့ခြင်းကြောင့် ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်နေကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားသည်။
အပြင်းဖျားခြင်း၊ ထိန်းချုပ်၍ မရအောင်အန်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ မူးနောက်ခြင်းနှင့် ဆီးသွားနည်းခြင်းတို့ ဖြစ်ပွားပါက ပြည်သူများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ချက်ချင်းခံယူရန် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက တောင်းဆိုထားသည်။ သွေးလွန်တုပ်ကွေးရောဂါ ခံစားနေရသည့် ဝေဒနာရှင်များသည် အနားယူရန် လိုအပ်ကြောင်းနှင့် အလုပ်နှင့်ကျောင်းတို့ကို သွားရောက်ခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း ကူးစက်ရောဂါကာကွယ်ရေးဌာနက ပြေကြားထားသည်။
Ref ; Xinhua
<zawgyi>
သီရိလင်္ကာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၇၄ ဦးရှိ
Tuesday , October 22 , 2019
ယခုနှစ် အောက်တိုဘာလ ဒုတိယပတ်အထိ သီရိလင်္ကာနိုင်ငံတစ်ဝန်းတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် လူပေါင်း ၅၅၀ဝဝ မှာ သွေးလွန်တုပ်ကွေးရောဂါ ခံစားနေရပြီး ၇၄ ဦးသေဆုံးခဲ့ကြောင်း ကူးစက်ရောဂါကာကွယ်ရေးဌာန၏ ပြောကြားချက်ကို အစိုးရသတင်းအချက်အလက်ဌာနက အောက်တိုဘာ ၂၁ ရက်တွင် ကိုးကားဖော်ပြထားကြောင်း ဆင်ဟွာသတင်းတစ်ရပ်က ဖော်ပြထားသည်။
အောက်တိုဘာ ၁၈ ရက်တိုင်အောင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၅၈၉၄ ဦး ရှိခဲ့ကြောင်း၊ ယင်းမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၁၈၅၄ ဦး၊ ကိုလံဘိုဆင်ခြေဖုံးဒေသဖြစ်သည့် ဂမ်ပါဟာတွင် ၈၉၇၆ ဦး၊ အခြားသော ကိုလံဘိုဆင်ခြေဖုံးဒေသဖြစ်သည့် ကာလူတာရာတွင် ၅၄၅၆ ဦး ရှိခဲ့ကြောင်း သိရသည်။
သီရိလင်္ကာတောင်ပိုင်းရှိ ရက်နာပူနှင့် ကာလူတာရာ၊ ဂယ်လီ၊ ဂမ်ပါဟာ၊ ကိုလံဘို တို့ကို သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အမြင့်ဆုံးခရိုင် ငါးခုအဖြစ် သတ်မှတ်ထားသည်။ ပြီးခဲ့သည့်နှစ်က သွေးလွန်တုပ်ကွေးရောဂါကြောင့် စုစုပေါင်း သေဆုံးသူ ၅၈ ဦးရှိခဲ့ခြင်းကြောင့် ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်နေကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားသည်။
အပြင်းဖျားခြင်း၊ ထိန်းချုပ်၍ မရအောင်အန်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ မူးနောက်ခြင်းနှင့် ဆီးသွားနည်းခြင်းတို့ ဖြစ်ပွားပါက ပြည်သူများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ချက်ချင်းခံယူရန် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက တောင်းဆိုထားသည်။ သွေးလွန်တုပ်ကွေးရောဂါ ခံစားနေရသည့် ဝေဒနာရှင်များသည် အနားယူရန် လိုအပ်ကြောင်းနှင့် အလုပ်နှင့်ကျောင်းတို့ကို သွားရောက်ခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း ကူးစက်ရောဂါကာကွယ်ရေးဌာနက ပြေကြားထားသည်။
Ref ; Xinhua
#Myanmar_Online_News

0 comments:
Post a Comment