ကနေဒါနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရ လစ်ဘရယ်ပါတီက အမတ်နေရာ လုံလုံလောက်လောက် ရလိုက်ပြီးလက်ရှိ ဝန်ကြီးချုပ် Justin Trudeau အနေနဲ့ ဒုတိယသက်တမ်း ဆက်အုပ်ချုပ်ခွင့် ရသွားခဲ့သည်။
အောက်တိုဘာလ ၂၂ ရက်တွင် ရွေးကောက်ပွဲ အနိုင်ရကြောင်းကိုတော့ ဝန်ကြီးချုပ် Trudeau က ကြေညာခဲ့ပြီး ကနေဒါ ရုပ်သံဌာန Canadian Broadcasting Corporation ရဲ့ ကြေညာချက်အရ ဝန်ကြီးချုပ် Trudeau ရဲ့ လစ်ဘရယ်ပါတီက အမတ်နေရာ ၃၃၈ နေရာရှိတဲ့ လွှတ်တော်မှာ ၁၅၇ နေရာ အနိုင်ရပြီး အပြတ်အသတ် အနိုင်ရတာ မဟုတ်ကြောင်း သိရသည်။
လက်ရှိတွင် လွှတ်တော်နေရာအများစုနဲ့ အပြတ်အသတ် အနိုင်ရဖို့အတွက် အမတ်နေရာ ၁၇၀ ရဖို့လိုအပ်သဖြင့် လက်ရှိရလဒ်အရ ဝန်ကြီးချုပ် Trudeau အနေနဲ့ အမတ်နေရာ ၂၄ နေရာ ရထားတဲ့ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ New Democrats ပါတီနဲ့ ညွှန့်ပေါင်းအစိုးရ ဖွဲ့ရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု ပြဿနာကို တိုးတက်တဲ့ အပြောင်းအလဲ လိုလားတဲ့ အယူအဆတွေ၊ ခိုင်မာအားကောင်းတဲ့ လုပ်ဆောင်ချက်တွေ ကိုင်တွယ်သွားဖို့ လိုလားပြီး ယခုလို ပြည်သူတွေ မဲပေးခဲ့တာဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဥတုရာသီပြောင်းလဲမှု ပြဿနာနဲ့ ကုန်သွယ်ရေးကိစ္စတွေမှာ သဘောထား ကွဲလွဲမှုတွေရှိနေတဲ့ အမေရိကန်သမ္မတ Donald Trump ကလည်း အခုလို ဝန်ကြီးချုပ် Trudeau ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အတွက် ဝမ်းသာ ဂုဏ်ယူကြောင်း တွီတာလူမှု ကွန်ရက်ပေါ်ကနေ ရေးသား ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

<<Zawgyi>>
ကနေဒါရွေးကောက်ပွဲတွင် လက်ရှိအာဏာရ လစ်ဘရယ်ပါတီမှ ဝန်ကြီးချုပ် Trudeau ပြန်အနိုင်ရ
Wednesday , October 23 , 2019

0 comments:
Post a Comment