Tuesday, October 22, 2019

Wisdom Hill မူကြိုကျောင်းမှ Digital video recorder မသိမ်းခဲ့တဲ့အတွက် တာဝန်ခံမှု လိုမလိုသမ္မတရုံးမှ ဆုံးဖြတ်သင့်ကြောင်းပြောလိုက်တဲ့ သက္ကမိုးညို

Image may contain: textImage may contain: 1 person, text
မနက်ဖြန် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဗစ်တိုးရီးယားအမှု၏ ၉ကြိမ်မြောက် ရုံးချိန်း ဖြစ်ပါသည်။

အဆိုပါ ရုံးချိန်းတွင်မူလ စစ်မေးရန်ရည်ရွယ်ထားသော ဆရာမ နှင်းနုလွင် ၊ ကျောင်းဖယ်ရီကားပေါ်မှာ လိုက်တဲ့ ဆရာမ နှစ်ယောက်ဖြစ်သော်လည်း အရင် System ပုံးကြီးကို Hard Disk ပါ ဆိုပြီး ယူလာတဲ့အတွက်ကြောင့် မစစ်လိုက်ရတဲ့ Wisdom Hill မူကြိုကျောင်းမှ CCTV တာဝန်ခံကို နှင်းနုလွင်အစား စစ်မေးမှာ ဖြစ်လို့ ဆရာမ နှင်းနုဟာ နောက်ရုံးချိန်းကို ရွေ့သွားကြောင်း သက္ကမိုးညိုမှ သူ၏လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။
ဖြစ်နိုင်ရင်တော့ မနက်ဖြန်မှာ CCTV ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ လာရောက် ဝန်းရံစေချင်ပါတယ်။ CCTV ဆိုရာမှာ စီစီတီဗီ ဒေတာတွေကို Store လုပ်ထားတဲ့ DVR စက်ကိုပါ ယူလာဖို့ လိုပါတယ်။ တရားရုံးအနေနဲ့လည်း ဒီလိုမျိုး မူလ သက်သေခံချက် ဖြစ်တာကိုသာ လက်ခံ စစ်ဆေးဖို့ လိုပါတယ်။
ပစ္စည်းသက်သေ၊ လူသက်သေ နှစ်မျိုး ရှိရာမှာ လူသက်သေ သမီးလေးအနေနဲ့ မှန်မှန်ကန်ကန် ထွက်ဆိုနိုင်ခဲ့ပါပြီ။ ပစ္စည်းသက်သေ CCTV မှတ်တမ်းများ ထိမ်းသိမ်းထားရာ Hard Disk ရှိတဲ့ DVR စက်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ခြင်း မရှိတဲ့အတွက် WH က စီစီတီဗီ တာဝန်ခံဆီမှာပဲ လေးငါးခြောက်လ ရှိနေခဲ့ရတာပါ။ ပျက်သွားတယ် ဆိုရင် တစုံတရာ မှားယွင်းမှု ရှိနေပါပြီပဲ ပြောရပါမယ်။
ထို့အတွက်ကြောင့် သက္ကမိုးညိုမှ "ဦးဇော်ဌေးက တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ် ပြောခဲ့ပါတယ်။ DVR ကို မသိမ်းခဲ့တဲ့အတွက် တာဝန်ခံမှု လိုမလိုကတော့ ဦးဇော်ဌေးတို့ သမ္မတရုံးက ဆုံးဖြတ်သင့်ပါတယ်။"ဟု ပြောကြားထားကြောင်းသိရှိရပါသည်။
Image may contain: text

<<Zawgyi>>
Wisdom Hill မူကြိုကျောင်းမှ Digital video recorder မသိမ်းခဲ့တဲ့အတွက် တာဝန်ခံမှု လိုမလိုသမ္မတရုံးမှ ဆုံးဖြတ်သင့်ကြောင်းပြောလိုက်တဲ့ သက္ကမိုးညို
Tuesday , October 22 , 2019

မနက်ဖြန် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဗစ်တိုးရီးယားအမှု၏ ၉ကြိမ်မြောက် ရုံးချိန်း ဖြစ်ပါသည်။
အဆိုပါ ရုံးချိန်းတွင်မူလ စစ်မေးရန်ရည်ရွယ်ထားသော ဆရာမ နှင်းနုလွင် ၊ ကျောင်းဖယ်ရီကားပေါ်မှာ လိုက်တဲ့ ဆရာမ နှစ်ယောက်ဖြစ်သော်လည်း အရင် System ပုံးကြီးကို Hard Disk ပါ ဆိုပြီး ယူလာတဲ့အတွက်ကြောင့် မစစ်လိုက်ရတဲ့ Wisdom Hill မူကြိုကျောင်းမှ CCTV တာဝန်ခံကို နှင်းနုလွင်အစား စစ်မေးမှာ ဖြစ်လို့ ဆရာမ နှင်းနုဟာ နောက်ရုံးချိန်းကို ရွေ့သွားကြောင်း သက္ကမိုးညိုမှ သူ၏လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။
ဖြစ်နိုင်ရင်တော့ မနက်ဖြန်မှာ CCTV ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ လာရောက် ဝန်းရံစေချင်ပါတယ်။ CCTV ဆိုရာမှာ စီစီတီဗီ ဒေတာတွေကို Store လုပ်ထားတဲ့ DVR စက်ကိုပါ ယူလာဖို့ လိုပါတယ်။ တရားရုံးအနေနဲ့လည်း ဒီလိုမျိုး မူလ သက်သေခံချက် ဖြစ်တာကိုသာ လက်ခံ စစ်ဆေးဖို့ လိုပါတယ်။
ပစ္စည်းသက်သေ၊ လူသက်သေ နှစ်မျိုး ရှိရာမှာ လူသက်သေ သမီးလေးအနေနဲ့ မှန်မှန်ကန်ကန် ထွက်ဆိုနိုင်ခဲ့ပါပြီ။ ပစ္စည်းသက်သေ CCTV မှတ်တမ်းများ ထိမ်းသိမ်းထားရာ Hard Disk ရှိတဲ့ DVR စက်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ခြင်း မရှိတဲ့အတွက် WH က စီစီတီဗီ တာဝန်ခံဆီမှာပဲ လေးငါးခြောက်လ ရှိနေခဲ့ရတာပါ။ ပျက်သွားတယ် ဆိုရင် တစုံတရာ မှားယွင်းမှု ရှိနေပါပြီပဲ ပြောရပါမယ်။
ထို့အတွက်ကြောင့် သက္ကမိုးညိုမှ "ဦးဇော်ဌေးက တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ် ပြောခဲ့ပါတယ်။ DVR ကို မသိမ်းခဲ့တဲ့အတွက် တာဝန်ခံမှု လိုမလိုကတော့ ဦးဇော်ဌေးတို့ သမ္မတရုံးက ဆုံးဖြတ်သင့်ပါတယ်။"ဟု ပြောကြားထားကြောင်းသိရှိရပါသည်။
#သကၠမိုးညိဳ #Myanmar_Online_News #Wisdom_Hill #ဗစ္တိုးရီးယားအမႈ # Digital_video_recorder

0 comments:

Post a Comment