တောင်ငူမြို့ ၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော် ဘုရားကြီးတွင် နိုဝင်ဘာ ၁၁ ညနေ ၅နာရီဝန်းကျင် က ဆိုင်ကယ်အပ်သော ဘုရားဖူးဧည့်သည် နှင့် ဆိုင်ကယ် / စက်ဘီး အပ်ရန်ဋ္ဌာန တို့ အခြေအတင် စကားများခဲ့ကြကြောင်းသိရသည်။
တောင်ငူမြို့ ရွှေဆံတော် ဘုရားကြီး အရှေ့ဘက် မုဒ်ဦး ဆိုင်ကယ် စက်ဘီး အပ်ရန်ဋ္ဌာန မှ ဆိုင်ကယ်အပ်ခ တစ်စီး ၅၀၀ ကျပ်ကောက်ခံသည်ကို ဘုရားဖူးဧည့်သည်မှ လေလံစည်းကမ်းအရ သတ်မှတ်ကြေး တစ်စီး ၃၀၀ ကျပ်သာ ပေးဆောင်သောကြောင့် အခြေအတင် စကားများကြတာလည်းဖြစ်ပါတယ် ။
တောင်ငူမြို့ သမိုင်းဝင် ရွှေဆံတော်ဘုရားကြီးတွင် စက်ဘီး / ဆိုင်ကယ် / ကား အပ်ရန် ဋ္ဌာန ( ၄ )နေရာရှိပြီး ၊ စက်ဘီး ၂၀၀ကျပ် ၊ ဆိုင်ကယ် ၃၀၀ကျပ် ၊ ကား ၅၀၀ကျပ် သာကောက်ခံရမည်ဟု လေလံစည်းကမ်းသတ်မှတ်ထားကြောင်းလည်းသိရသည်။
<zawgyi>
တောင်ငူမြို့ သမိုင်းဝင် ရွှေဆံတော်ဘုရားကြီးတွင် ဆိုင်ကယ်အပ်ခ သတ်မှတ်ကြေးထက် ပိုမိုကောက်ခံနေသောကြောင့် ဘုရားဖူးဧည့်သည်များနှင့်စကားများ
Tuesday , November 12, 2019
တောင်ငူမြို့ ၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော် ဘုရားကြီးတွင် နိုဝင်ဘာ ၁၁ ညနေ ၅နာရီဝန်းကျင် က ဆိုင်ကယ်အပ်သော ဘုရားဖူးဧည့်သည် နှင့် ဆိုင်ကယ် / စက်ဘီး အပ်ရန်ဋ္ဌာန တို့ အခြေအတင် စကားများခဲ့ကြကြောင်းသိရသည်။
တောင်ငူမြို့ ရွှေဆံတော် ဘုရားကြီး အရှေ့ဘက် မုဒ်ဦး ဆိုင်ကယ် စက်ဘီး အပ်ရန်ဋ္ဌာန မှ ဆိုင်ကယ်အပ်ခ တစ်စီး ၅၀၀ ကျပ်ကောက်ခံသည်ကို ဘုရားဖူးဧည့်သည်မှ လေလံစည်းကမ်းအရ သတ်မှတ်ကြေး တစ်စီး ၃၀၀ ကျပ်သာ ပေးဆောင်သောကြောင့် အခြေအတင် စကားများကြတာလည်းဖြစ်ပါတယ် ။
တောင်ငူမြို့ သမိုင်းဝင် ရွှေဆံတော်ဘုရားကြီးတွင် စက်ဘီး / ဆိုင်ကယ် / ကား အပ်ရန် ဋ္ဌာန ( ၄ )နေရာရှိပြီး ၊ စက်ဘီး ၂၀၀ကျပ် ၊ ဆိုင်ကယ် ၃၀၀ကျပ် ၊ ကား ၅၀၀ကျပ် သာကောက်ခံရမည်ဟု လေလံစည်းကမ်းသတ်မှတ်ထားကြောင်းလည်းသိရသည်။

0 comments:
Post a Comment