ယနေ့ နိုဝင်ဘာလ (၁၂)ရက်နေ့ မွန်းလွဲ၂ နာရီခွဲခန့်က ကရင်ပြည်နယ်မှ ပြန်လာသည့် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း၏ ယာဉ်လမ်းကြောင်းအား အနှောက်အယှက်ပြုသည်ဟုဆိုကာ ထိုင်နိုင်ငံသား ဆိုင်ကယ်စီးခရီသွားများအားပဲခူးမြို့ ဘုရာကြီး ရွှေသံလွင်တိုးဂိတ် အဖွဲပေါင်းစုံစစ်ဆေးရေးဂိတ်မှ တားဆီးကာ ခေါ်ယူသတိပေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အမျိုးသားလွှတ်တော်ဥက္ကဌ လုခြုံရေးတာဝန်ယူထားသည့် လုံခြုံရေးအရာရှိအဖွဲ့မှ ယာဉ်တန်းအား အနှောက်အယှက်ပေးသည်ဟုဆိုကာ တားမြစ်ပေးရန် အကြောင်းကြားသဖြင့် ထိုင်းနိုင်ငံသား ၃ ဦးအာ ခေတ္တတားမြစ်ခြင်းဖြစ်သည်ဟု ယင်းစစ်ဆေးရေးဂိတ်အဖွဲခေါင်းဆောင်ထံမှသိရသည်။
ကျွန်တော်တို့ နိုင်ငံ လူကြီးကိုမထေ့မဲ့မြင်လုပ်ပြီး လူကြီးလမ်းကြောင်းကိုအနှောက်ယှက်ပေးသလို့လုပ်လို့ တားမြစ်ပြီး ဒီနိုင်ငံဥပဒေကိုလိုက်နာဖို့ ဒီနိုင်ငံလူကြီးကိုလေးစားဖို့ သတိပေးစကားပြောပြီး ပြန်လွှတ်ပေးလိုက်တယ် ဟုစစ်ဆေးရေးဂိတ်အဖွဲ့ ခေါင်ဆောင်ကပြောသည်။
ထိုင်နိုင်ငံသားများမှာ ကျိုက်ထီးရီုးဘုရားဖူးပြီး ရွှေတီဂုံစေတီအား သွားရောက်ဖူးမြှော်ရန် မြဝတီမှတစ်ဆင့်ဝင်ရောက် လာသည့် ဆိုင်ကယ်စီးခရီးသွားများဖြစ်ပြီး ဝေါမြို့အလွန်တွင် အမျိုးသားလွှတ်ဥက္ကဌ ယဉ်တန်းအားအနှောက်အယှက်ပြုသည်ဟုဆိုကာ တားမြစ်သတိပေးခံရခြင်းဖြစ်သည်။

<zawgyi>
အမျိုးသားလွှတ်တော်ဥက္ကဌ ယာဉ်လမ်းကြောင်းအား မထေ့မဲ့မြင်ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံသား ဆိုင်ကယ်စီး ခရီးသွားများအား တားမြစ်သတိပေးခံရ
Tuesday , November 12, 2019
ယနေ့ နိုဝင်ဘာလ (၁၂)ရက်နေ့ မွန်းလွဲ၂ နာရီခွဲခန့်က ကရင်ပြည်နယ်မှ ပြန်လာသည့် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း၏ ယာဉ်လမ်းကြောင်းအား အနှောက်အယှက်ပြုသည်ဟုဆိုကာ ထိုင်နိုင်ငံသား ဆိုင်ကယ်စီးခရီသွားများအားပဲခူးမြို့ ဘုရာကြီး ရွှေသံလွင်တိုးဂိတ် အဖွဲပေါင်းစုံစစ်ဆေးရေးဂိတ်မှ တားဆီးကာ ခေါ်ယူသတိပေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အမျိုးသားလွှတ်တော်ဥက္ကဌ လုခြုံရေးတာဝန်ယူထားသည့် လုံခြုံရေးအရာရှိအဖွဲ့မှ ယာဉ်တန်းအား အနှောက်အယှက်ပေးသည်ဟုဆိုကာ တားမြစ်ပေးရန် အကြောင်းကြားသဖြင့် ထိုင်းနိုင်ငံသား ၃ ဦးအာ ခေတ္တတားမြစ်ခြင်းဖြစ်သည်ဟု ယင်းစစ်ဆေးရေးဂိတ်အဖွဲခေါင်းဆောင်ထံမှသိရသည်။
ကျွန်တော်တို့ နိုင်ငံ လူကြီးကိုမထေ့မဲ့မြင်လုပ်ပြီး လူကြီးလမ်းကြောင်းကိုအနှောက်ယှက်ပေးသလို့လုပ်လို့ တားမြစ်ပြီး ဒီနိုင်ငံဥပဒေကိုလိုက်နာဖို့ ဒီနိုင်ငံလူကြီးကိုလေးစားဖို့ သတိပေးစကားပြောပြီး ပြန်လွှတ်ပေးလိုက်တယ် ဟုစစ်ဆေးရေးဂိတ်အဖွဲ့ ခေါင်ဆောင်ကပြောသည်။
ထိုင်နိုင်ငံသားများမှာ ကျိုက်ထီးရီုးဘုရားဖူးပြီး ရွှေတီဂုံစေတီအား သွားရောက်ဖူးမြှော်ရန် မြဝတီမှတစ်ဆင့်ဝင်ရောက် လာသည့် ဆိုင်ကယ်စီးခရီးသွားများဖြစ်ပြီး ဝေါမြို့အလွန်တွင် အမျိုးသားလွှတ်ဥက္ကဌ ယဉ်တန်းအားအနှောက်အယှက်ပြုသည်ဟုဆိုကာ တားမြစ်သတိပေးခံရခြင်းဖြစ်သည်။
#Bagoweeklyjournal #Myanmar_Online_News

0 comments:
Post a Comment