အိန္ဒိယနိုင်ငံမှ ပုဂံဒေသရှိ ရှေးဟောင်းဘုရား ၉၂ဆူအား ဒေါ်လာ ၇ သန်းသုံးစွဲ၍ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ်ဒေါက်တာသိန်းလွင်က ပြောကြားသည်။
အဆိုပါနိုင်ငံမှ ပုဂံဒေသရှိ အာနန္ဒာဘုရားအား ငါးနှစ်ကြာပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ လုပ်ဆောင်ခဲ့ သည့်အပြင် ၂၀၁၆ ခုနှစ်အတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကိုလည်း ပြုပြင်ပေးခဲ့ပြီး ယ ခုအခါ ရှေးဟောင်းဘုရား ၉၂ဆူအား ဆက်လက်ပြုပြင်ထိန်းသိမ်းရန် ဘုရားများကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း သိရသည်။
``ပုဂံရှေးဟောင်းဘုရားတွေကို နိုင်ငံတကာအကူအညီနဲ့ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းတွေ လုပ် ဆောင် တဲ့အခါမှာ လုပ်ငန်းမလုပ်ဆောင်ခင်ကတည်းက ဘယ်လိုနည်းပညာတွေနဲ့ ပြုပြင် ထိန်း သိမ်းမယ် ဆိုတာကို အရင်ဆုံး ကျွန်တော်တို့ ဌာနနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်တဲ့အပြင် ထိန်းသိမ်းမှုတွေလုပ်နေစဉ် ကာလမှာလည်း ကျွန်တော်တို့ရှေးဟောင်း သုသေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနက တာဝန်ရှိသူတွေ ဝန်ထမ်းတွေက ပူးပေါင်းပါဝင်ပြီး ထိန်းသိမ်းမှုတွေ လုပ်ဆောင်တာဖြစ်ပါတယ်၊ အခုပြုပြင်မယ့် ဘုရား ၉၂ဆူကို အဆောက်အဦး ပြုပြင်ရမယ့် ဘုရားတွေနဲ့ နံရံဆေး ရေးပန်းချီ ပြုပြင်ရမယ့်ဘုရားတွေဆိုပြီး ရွေးချယ်ပြီးသွားပါပြီ၊ ပြုပြင်တဲ့ နေရာမှာလည်း မြေငလျင်ဒဏ်ခံနိုင်မယ့် နည်းပညာ၊နည်းစနစ်တွေနဲ့လုပ် ဆောင်သွားမှာ ဖြစ်ပြီး ယူနက်စကိုကပေးတဲ့ ဂိုက်လိုင်းအတိုင်းစနစ်တကျ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊`` ဟု ၎င်းကပြောသည်။
ဘုရား ၉၂ဆူအားပြုပြင်ရာတွင် ပထမငါးနှစ်ကာလတွင် ၁၂ဆူ၊ ဒုတိယအကြိမ်ငါးနှစ် ကာလတွင် ၁၂ဆူ စသည်ဖြင့် ရေရှည်စီမံကိန်းအဖြစ် ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း အိန္ဒိယ ကောင် စစ်ဝန် Mr. Nandan Singh Bhaisora က ပြောသည်။
`` မကြာတော့မယ့်ကာလမှ အိန္ဒိယက အင်ဂျင်နီယာအဖွဲ့တွေရောက်လာတော့မှာပါ၊ ပထမနှစ်ကို ၁၂ဆူ၊ ဒုတိယနှစ် ၁၂ဆူ စုစုပေါင်း ၁ဝနှစ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်၊ ပုဂံဒေသ ဘုရားတွေပြုပြင်တဲ့ နေရာမှာ မြန်မာအစိုးရ နဲ့ နှစ်နိုင်ငံ MOU လက်မှတ်ရေးထိုး ထားတာဖြစ်တဲ့အတွက် စနစ်တကျ ရေရှည်စီမံကိန်းနဲ့လုပ်ဆောင်သွားဖို့ရှိပါ တယ်``ဟု ၎င်းက ပြောသည်။
၂၀၁၆ခုနှစ်အတွင်းက လှုပ်ခတ်ခဲ့သည့် ပုဂံငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စေတီပုထိုး ပေါင်းလေးရာ နီးပါးကို အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အီတလီ၊ ဂျာမနီ စသည့်နိုင်ငံများက ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ရာ လက်ရှိတွင် ကူညီထိန်းသိမ်း စောင့်ရှောက်ပေးသည့် နိုင်ငံပေါင်း ၂၂နိုင်ငံအထိရှိနေပြီး အဖွဲ့အစည်းပေါင်းမှာ လည်း ၄ဝကျော်အထိ ရှိနေကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ - အောင်ဖြိုးကျော်
<zawgyi>
အိန္ဒိယနိုင်ငံမှ ပုဂံဒေသရှိ ရှေးဟောင်းဘုရား ၉၂ဆူအား ဒေါ်လာ ၇ သန်းသုံးစွဲ၍ ပြုပြင် ထိန်းသိမ်း ရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ်ဒေါက်တာသိန်းလွင်က ပြောကြားသည်။
အဆိုပါနိုင်ငံမှ ပုဂံဒေသရှိ အာနန္ဒာဘုရားအား ငါးနှစ်ကြာပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ လုပ်ဆောင်ခဲ့ သည့်အပြင် ၂၀၁၆ ခုနှစ်အတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကိုလည်း ပြုပြင်ပေးခဲ့ပြီး ယ ခုအခါ ရှေးဟောင်းဘုရား ၉၂ဆူအား ဆက်လက်ပြုပြင်ထိန်းသိမ်းရန် ဘုရားများကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း သိရသည်။
``ပုဂံရှေးဟောင်းဘုရားတွေကို နိုင်ငံတကာအကူအညီနဲ့ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းတွေ လုပ် ဆောင် တဲ့အခါမှာ လုပ်ငန်းမလုပ်ဆောင်ခင်ကတည်းက ဘယ်လိုနည်းပညာတွေနဲ့ ပြုပြင် ထိန်း သိမ်းမယ် ဆိုတာကို အရင်ဆုံး ကျွန်တော်တို့ ဌာနနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်တဲ့အပြင် ထိန်းသိမ်းမှုတွေလုပ်နေစဉ် ကာလမှာလည်း ကျွန်တော်တို့ရှေးဟောင်း သုသေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနက တာဝန်ရှိသူတွေ ဝန်ထမ်းတွေက ပူးပေါင်းပါဝင်ပြီး ထိန်းသိမ်းမှုတွေ လုပ် ဆောင်တာဖြစ်ပါတယ်၊ အခုပြုပြင်မယ့် ဘုရား ၉၂ဆူကို အဆောက်အဦး ပြုပြင်ရမယ့် ဘုရားတွေနဲ့ နံရံဆေး ရေးပန်းချီ ပြုပြင်ရမယ့်ဘုရားတွေဆိုပြီး ရွေးချယ်ပြီးသွားပါပြီ၊ ပြုပြင်တဲ့ နေရာမှာလည်း မြေငလျင်ဒဏ်ခံနိုင်မယ့် နည်းပညာ၊နည်းစနစ်တွေနဲ့လုပ် ဆောင်သွားမှာ ဖြစ်ပြီး ယူနက်စကိုကပေးတဲ့ ဂိုက်လိုင်းအတိုင်းစနစ်တကျ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊`` ဟု ၎င်းကပြောသည်။
ဘုရား ၉၂ဆူအားပြုပြင်ရာတွင် ပထမငါးနှစ်ကာလတွင် ၁၂ဆူ၊ ဒုတိယအကြိမ်ငါးနှစ် ကာလတွင် ၁၂ဆူ စသည်ဖြင့် ရေရှည်စီမံကိန်းအဖြစ် ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း အိန္ဒိယ ကောင် စစ်ဝန် Mr. Nandan Singh Bhaisora က ပြောသည်။
`` မကြာတော့မယ့်ကာလမှ အိန္ဒိယက အင်ဂျင်နီယာအဖွဲ့တွေရောက်လာတော့မှာပါ၊ ပထမနှစ်ကို ၁၂ဆူ၊ ဒုတိယနှစ် ၁၂ဆူ စုစုပေါင်း ၁ဝနှစ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်၊ ပုဂံဒေသ ဘုရားတွေပြုပြင်တဲ့ နေရာမှာ မြန်မာအစိုးရ နဲ့ နှစ်နိုင်ငံ MOU လက်မှတ်ရေးထိုး ထားတာဖြစ်တဲ့အတွက် စနစ်တကျ ရေရှည်စီမံကိန်းနဲ့လုပ်ဆောင်သွားဖို့ရှိပါ တယ်``ဟု ၎င်းက ပြောသည်။
၂၀၁၆ခုနှစ်အတွင်းက လှုပ်ခတ်ခဲ့သည့် ပုဂံငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စေတီပုထိုး ပေါင်းလေးရာ နီးပါးကို အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အီတလီ၊ ဂျာမနီ စသည့်နိုင်ငံများက ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ရာ လက်ရှိတွင် ကူညီထိန်းသိမ်း စောင့်ရှောက်ပေးသည့် နိုင်ငံပေါင်း ၂၂နိုင်ငံအထိရှိနေပြီး အဖွဲ့အစည်းပေါင်းမှာ လည်း ၄ဝကျော်အထိ ရှိနေကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ - အောင်ဖြိုးကျော်

0 comments:
Post a Comment