Monday, November 18, 2019

အိမ်သန့်ရှင်းရေးလုပ်တဲ့ ဖျန်းဆေးတွေဟာ ဆေးလိပ်အလိပ်၂၀ သောက်ခြင်းနဲ့ညီတဲ့ ဆိုးကျိုးကိုဖြစ်စေနိုင်

Image may contain: one or more people, shoes, drink and indoor
အိမ်သန့်ရှင်းရေးလုပ်တဲ့ ဖျန်းဆေးတွေကို အသုံးပြုပြီး နေ့တိုင်းအိမ်သန့်ရှင်းရေးလုပ်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ အဆုပ်ကို တစ်နေ့အတွင်း ဆေးလိပ် အလိပ် ၂၀ သောက်ခြင်းနဲ့ ညီမျှတဲ့ ဆိုးကျိုးကို ဖြစ်စေနိုင်ပါတယ်လို့ သုတေသန အသစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။ နောက်ထပ် လေ့လာမှုတစ်ခုအရတော့ အိမ်သုံးပစ္စည်းတွေဟာ လေထုညစ်ညမ်းမှုအများအပြားကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

နော်ဝေနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ အိမ်မှာ ဖျန်းဆေးကိုအသုံးပြုပြီး နေ့တိုင်းအိမ်သန့်ရှင်းရေးလုပ်သူတွေရဲ့ အဆုပ် ဝင်ဆန့်နိုင်မှု ပမာဏဟာ တစ်နှစ်ကို ၄.၃ မီလီလီတာ ခန့် ပိုပြီးမြန်မြန် လျော့နည်းသွားနိုင်ပြီး ဖျန်းဆေးတွေကိုသုံးပြီး သန့်ရှင်းရတဲ့ သန့်ရှင်းရေးအလုပ်သမားတွေရဲ့ အဆုပ်ဝင်ဆန့်နိုင်မှု ပမာဏကတော့ တစ်နှစ်ကို ၇.၁ မီလီလီတာခန့် ပိုပြီး မြန်မြန် လျော့နည်းသွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ တစ်နေ့ကို ဆေးလိပ် အလိပ် ၂၀ သောက်သုံးခြင်းနဲ့ တူညီတဲ့ ဆိုကျိုးရလာဒ်ပဲ ဖြစ်ပါတယ်။ သူတို့မှာ ရင်ကျပ်ရောဂါဖြစ်ပွားဖို့လည်း အခွင့်အလမ်းပိုများပါတယ်လို့ ဆိုပါတယ်။
ဒီလို ဆိုးကျိုးတွေကိုတော့ အမျိုးသမီးတွေမှာသာ တွေ့ရတာ ဖြစ်ပြီး ဖျန်းဆေးကိုသုံးပြီး အလုပ်လုပ်တဲ့ အမျိုးသားသန့်ရှင်းရေးဝန်ထမ်းတွေမှာတော့ ဒီလို ဆိုကျိုးသက်ရောက်မှုကို မတွေ့ရပါဘူး။ ဓါတုပစ္စည်းတွေကို သန့်စင်ရခြင်းကြောင့် အဆုပ်ကို ကြီးမားတဲ့ ထိခိုက်မှုဖြစ်စေတယ်လို့ ဘာဂန်တက္ကသိုလ်ရဲ့ ပါမောက္ခ ဒေါက်တာ Cecile Svanes ကဆိုပါတယ်။ သာမန်မသန့်ရှင်းတဲ့အရာတွေကို သန့်ရှင်းဖို့အတွက် ဖျန်းဆေးကိုသုံးဖို့မလိုဘဲ အဝတ်စိုတစ်ခုနဲ့ ပွတ်တိုက်ပေးရုံနဲ့ ပြောင်စင်နိုင်တယ်လို့ သူမက ဆက်ပြောခဲ့ပါတယ်။ ဒါကြောင့် အိမ်သန့်ရှင်းရေးလုပ်တဲ့အခါတွေမှာ တတ်နိုင်သမျှ ဖျန်းဆေးတွေကို အသုံးမပြုသင့်ဘဲ တကယ်လို့ ဖျန်းဆေးတွေကို အသုံးပြုရတဲ့ အလုပ်ကို လုပ်နေတယ်ဆိုရင်လည်း သေသေချာချာ မျက်နှာဖုံးကို ဝတ်ဆင်ထားသင့်ပါတယ်။
အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ် သြစတင်မြို့ မှာ ပြုလုပ်ခဲ့တဲ့ နောက်ထပ်လေ့လာမှုတစ်ခုအရတော့ အိမ်သုတ်ဆေး၊ ပိုးသတ်ဆေး၊ ကျေးချွတ်ဆေးနဲ့ ရေမွှေးတွေလိုမျိုး အိမ်သုံးပစ္စည်းတွေကြောင့် လေထုညစ်ညမ်းမှု အများအပြားကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ လေထုညစ်ညမ်းမှုဟာ ဒီလိုအိမ်သုံးပစ္စည်းတွေကနေလည်း ဖြစ်ပေါ်တတ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်လို့ ဗြိတိန် အဆုတ်ဖောင်ဒေးရှင်းရဲ့ ပါမောက္ခ ဂျိုနသန် ဂရစ်က ပြောခဲ့ပါတယ်။

REF

0 comments:

Post a Comment